ကိုယ့်ပြည်သူတွေကိုပြန်သတ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ပိတ်ဆို့ မှုတွေလုပ်ထားပေမယ့် ထိရောက်မှုရော ရှိရဲ့လားဆိုတာပြန်သုံးသပ်ဖို့ အချိန်ရောက်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ဥရောပသမဂ္ဂ(EU)ဟာ မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနဲ့ ရေတပ်စစ်ဦးစီးချုပ်အပြင် စစ်ဘက်အရာရှိကြီးတွေနဲ့ လက်နက်ပွဲစားတွေအပါအဝင် လူပုဂ္ဂိုလ် ၉ ယောက်၊ အဖွဲ့အစည်း ၇ ခုကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားခဲ့တာဖြစ်ပါတယ်။