အာဖရိကတိုက်ရဲ့ ပထမဆုံးသော အခကြေးငွေယူပြီး တဏှာကင်းစွာ ပွေ့ဖက်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို တောင်အာဖရိကနိုင်ငံမှာ ဖွင့်လှစ်လိုက်ပါပြီ။ ကိုဗစ်ကပ်ရောကာကာလအတွင်း အထီးကျန်စွာနေခဲ့ရတာတွေနဲ့ စီးပွားရေးအကြပ်အတည်းတွေကြောင့် အခုလို အခကြေးငွေယူကာ ပွေ့ဖက်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း ထွန်းကားလာနေတာပါ။ ဂျိုဟန်နာဘတ်စ်ကနေ Zaheer Cassim သတင်းပေးပို့လာတာကို ရဲမွန်က တင်ဆက်ထားပါတယ်။