လောင်းလုံးမှာ လမ်းလျှောက်ဆန္ဒပြ

By ကိုရွှေမြိတ် (မဇ္ဈိမ)
16 May 2023
လောင်းလုံးမှာ လမ်းလျှောက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လမ်းလျှောက်ဆန္ဒပြခြင်းကို ပြုလုပ် ခဲ့သည်။

အဆိုပါ သပိတ်လှုပ်ရှားမှုကို အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံ အလုပ်သမားများအပြင် လယ်သမား အများအပြား ပူးပေါင်းပါဝင်မှုနှင့် အတူ“ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါ ဘန်နာ ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ကြွေးကြော် ချီတက်ခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#သပိတ်လှုပ်ရှားမှု

#အမျိုးသမီးများ

#လူငယ်များ

#လောင်းလုံးမြို့နယ်

#အလုပ်သမားများ

#လယ်သမား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly