ထိုင်းရွေးကောက်ပွဲနဲ့ ညွန့်ပေါင်းအစိုးရ ပြင်ဆင်မှု | VOA On Mizzima

ထိုင်းရွေးကောက်ပွဲနဲ့ ညွန့်ပေါင်းအစိုးရ ပြင်ဆင်မှု | VOA On Mizzima

 

မေလ ၁၄ ရက်၊ မနေ့ တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ လက်ရှိအချိန်အထိ မဲရေတွက်ပြီးသမျှ အတိုက်အခံပါတီကြီး ၂ ခုဖြစ်တဲ့ Move Forward နဲ့ ဖုဝထိုင်း (Pheu Thai) ပါတီတို့က အပြတ်အသတ် အသာစီးရနေပါတယ်။ ထိုင်းနိုင်ငံသားခံယူထားပြီး မဲပေးခဲ့ကြတဲ့ မြန်မာနွယ်ဖွားတချို့ကလည်း ထိုင်းမှာ အစိုးရပြောင်းလဲပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက်ပါ အထောက်အကူပြုစေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အတိုက်အခံပါတီတွေကို မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။ Move Forward ပါတီ ခေါင်းဆောင်ကတော့ ၆ ပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့သွားမယ်လို့ မေလ ၁၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် စစ်ဦးစီးချုပ်တဖြစ်လဲ ဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ သူ့ကို ထောက်ခံနေတဲ့ ထိုင်းစစ်တပ်က အလွယ်တကူ အာဏာကို လက်လွှတ်လိုက်မလားဆိုတော့အပေါ်တော့ မေးခွန်း ထုတ်နေကြဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေတွေကို ဘန်ကောက်မြို့ကနေ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly