ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းထိပြီး CDF ၂ ဦး ကျဆုံး 

By ပါခွီး (မဇ္စျိမ)
11 May 2023
ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းထိပြီး CDF ၂ ဦး ကျဆုံး 

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ၊ ချွန်ကျုံးကျေးရွာအတွင်း စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟွားငိုးလ်ရမ်း) (CDF – Hualngoram) တာ၀န်ရှိသူထံက သိရသည်။ 

ချွန်ကျူံးကျေးရွာအတွင်း ချင်းအမျိုးသားတပ်မတော် နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မေလ ၉ရက်နေ့က မိုင်းထိပြီး Salai Ram Thian Hlim နှင့်  Salai El Sang Zel တို့  ကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

“ဟုတ်ပါတယ် ကျနော်တို့ ရဲဘော်နှစ်ဦးကျဆုံးခဲ့တာပါ။ စကစ ရဲ့မိုင်းကြောင့်ပါ” ဟု CDF – Hualngoram၏ တာဝန်ရှိသူက ပြောသည်။ 

၎င်းတို့ နှစ်ဦး၏ နာရေးအစီစဉ်ကို ယနေ့ မေလ ၁၁ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောကြားသည်။ 

စစ်ကောင်စီတပ်သည် မတ်လ ၇ရက်နေ့မှ စတင်ပြီး ကလေးမြို့မှ သံချပ်ကာ ကားနှစ်စီး ၊ မြေကော်စက်တစ်စီး ၊ ကုန်တင်ယာဉ်အစီး ၃၀ဖြင့် ချင်းပြည်နယ် ဟာခါးမြို့သို့ ရိက္ခာဖြည့်တင်းရန် ချီတက်လာရာ ချင်းတပ်ဖွဲ့များ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပါ ယာဉ်များအားလုံးပျက်စီးကာ သေဆုံး ဒဏ်ရာရသူများပြားပြီး ချွန်ကျုံးရွာတွင် ပိတ်မိကာ ယနေ့အထိ ဟားခါးမြို့သို့ ရောက်ရှိနိုင်ခြင်းမရှိသေးကြာင်းသိရှိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly