အာဏာသိမ်း စစ်တပ်နှင့် အဆက်ဆံမလုပ်ရန် တရုတ်ကို တောင်းဆို ဆန္ဒပြ

By ပါခွီး (မဇ္ဈိမ)
09 May 2023
အာဏာသိမ်း စစ်တပ်နှင့် အဆက်ဆံမလုပ်ရန် တရုတ်ကို တောင်းဆို ဆန္ဒပြ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများ ပူးပေါင်းပြီး အာဏာသိမ်း စစ်တပ်နှင့် အဆက်ဆံမလုပ်ရန် တရုတ်ကို တောင်းဆိုဆန္ဒပြမှု မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

တရုတ်အနေဖြင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး မြန်မာပြည်သူများကို သတ်ဖြတ်နေမှု ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “သို့ . . . တရုတ်အစိုးရ၊ ဖက်စစ်တပ်နဲ့ ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်” ဆိုသည့် စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ကြွေးကြော်သံများဖြင့် ဟစ်ကြွေးချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာပြည်သူများအပေါ် လေးစားတန်ဖိုးမထားဘဲ စစ်အုပ်စုကို ထောက်ခံအားပေးနေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်းလည်း သိရသည်။

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်ကော်မ၏ (၇၈၇) ရက်မြောက်အဖြစ် ချီတက် ဆန္ဒပြခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

#ဆန္ဒပြ
#တရုတ်
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly