လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
09 May 2023
လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ မေလ ၉ ရက် နံနက်ပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုကို “တရားမျှတမှု အတွက် တိုက်ပွဲ ဝင်ရုံမှတပါး အခြားမရှိ” စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ချီတက်ခဲ့ကြပြီး ကော်မတီမှထုတ်ဝေ သည့် ဖက်ဒရယ်ရေးရာ ဆောင်းပါးများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေကာ စည်းရုံးဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဦးဆောင်သူက ပြောသည်။

DDMSC သည် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ လူမှုတရားမျှတမှု ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်တည်စု တည်ဆောက်ရေးအတွက် အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်လျှက်ရှိသည့် တော်လှန်ရေးလူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း

#လောင်းလုံးမြို့နယ်

#လူထုသပိတ်လှုပ်ရှားမှု

#DDMSC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required