မုံရွာမြို့ လဝကရုံးဟောင်းတွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

By ပါခွီး (မဇ္ဈိမ)
09 May 2023
မုံရွာမြို့ လဝကရုံးဟောင်းတွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လဝကရုံးဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေပြီးတစ်ဦးဒဏ်ရာရရှိသွားကြောင်း Golden Eagle Force – Monywa က ထုတ်ပြန်ထားသည်။

မုံရွာမြို့ အမြင့်လမ်းထိပ်ရှိ လဝကရုံးဟောင်းတွင် အင်အား ၁၀ ဦးခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများကို မေလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ကားပေါ်မှ အလစ်အငိုက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုကို Golden Eagle Force – Monywa ၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ ၊ Brothers Revolution Force-Monywa တို့က ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၃ ရက် ညနေ ၃ နာရီ ဝန်းကျင်ကလည်း မုံရွာမြို့၊ အိုးရှင်းစင်တာရှေ့ မြဝတီဘဏ်တွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်ဖွဲ့ကို Golden Eagle Force – Monywa ၊ မုံရွာခရိုင် အမှတ် (၂၄) တပ်ရင်း-တပ်ခွဲ (၁)(Monywa Ranger Group/Truth Army)၊ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့၊ ပုဏ္ဏက ပြောက် ကျားတပ်ဖွဲ့ နှင့် Brother Revolution Force-Monywa တို့က ဝင်ရောက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#မုံရွာမြို့

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required