မြန်မာ့အရေး တရုတ်နိုင်ငံအပါအဝင် အရေးပါတဲ့ သက်ဆိုင်သူအားလုံးနဲ့အကြိမ် ၆၀ ထက်မနည်းဆွေးနွေခဲ့ဟု အင်ဒိုနီးရှားဆို

မြန်မာ့အရေး တရုတ်နိုင်ငံအပါအဝင် အရေးပါတဲ့ သက်ဆိုင်သူအားလုံးနဲ့အကြိမ် ၆၀ ထက်မနည်းဆွေးနွေခဲ့ဟု အင်ဒိုနီးရှားဆို

မြန်မာပဋိပက္ခနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် အိမ်နီးချင်း အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့အပါအဝင် အရေးပါတဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။ 

မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုင်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေချိန်မှာ ဒီကနေ့ ဂျကာတာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာပါ။

အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်စတင်ဖို့ ကြိုးပမ်းမှုတစ်ရပ် အဖြစ် အာဆီယံဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ ကန့်လန့်ကာနောက် ကွယ်မှာ လုပ်ဆောင်နေတယ်လို့ ရတ်နိုမာဆူဒီက ပြောကြားပြီး မြန်မာ့အရေးမှာ အရေးပါသူတွေ တွေ့ဆုံဆွေး နွေးဖို့ လုပ်ဆောင်နေတာကို ပထမဆုံးအကြိမ် ဝန်ခံလိုက်ပါတယ်။

 အဲဒီ တွေ့ဆုံမှုတွေကို လူချင်းတွေ့တာ၊ အွန်လိုင်းကနေတွေ့တာ၊ အရေးပါတဲ့နေရာတွေကို လူကိုယ်တိုင် သွားရောက်တာတွေအပြင်၊ မြန်မာ့ပဋိပက္ခမှာ အရေးပါတဲ့ ပါဝင်ပတ်သက်သူတွေဖြစ်တဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ပါဝင်တယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူခဲ့တဲ့ ဘုံသဘောတူ ညီချက် ၅ ရပ် ဖော်ဆောင်မှုနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့က စစ်ကောင်စီအပေါ် အားမလိုအားမရဖြစ်နေစဉ် သူက အခုလို ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly