စစ်ကောင်စီကိုဖြုတ်ချနိုင်ရေး နိုင်ငံတကာကကူညီပေးကြဖို့ ရွာလုံးကျွတ်နီးပါးမီးရှို့ခံခဲ့ရတဲ့ အင်းစရွာသားတွေ တောင်းဆို 

By MTO (မဇ္စျိမ)
27 April 2023
စစ်ကောင်စီကိုဖြုတ်ချနိုင်ရေး နိုင်ငံတကာကကူညီပေးကြဖို့ ရွာလုံးကျွတ်နီးပါးမီးရှို့ခံခဲ့ရတဲ့ အင်းစရွာသားတွေ တောင်းဆို 

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ စစ်ကိုင်းမြို့နယ်ထဲက အင်းစရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတွေရဲ့နေအိမ်တွေကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒီလို စစ်ကောင်စီတပ်ရဲ့မီးရှို့မှုကြောင့် နေအိမ် ၃၇၀ လောက်ရှိတဲ့ အင်းစရွာမှာ ၂၈၈ လုံးအထိ မီးလောင် ပြာကျခဲ့တာပါ။ စစ်ကောင်စီတပ်က အင်းစရွာတစ်ခုထဲမှာတင်မကဘဲ စစ်ကိုင်းတိုင်းအထဲက မြို့နယ် အချို့မှာလည်း ဒီလိုအကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်နေတာပါ။

ဒါကြောင့် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို လျစ်လျူရှုမနေကြဖို့နဲ့ စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ရေး ထိရောက်တဲ့ အကူ အညီတွေပေးကြဖို့ မီးရှို့ခံ အင်းစရွာသားတွေက တောင်းဆိုလိုက်ပါတယ်။ သတင်းအပြည့်အစုံကို မဇ္ဈိမ သတင်းထောက် MTO ကပြောပြထားပါတယ်။ 

တည်းဖြတ်၊ တင်ဆက် ။ ။ MTO

 
စာတည်း ။ ။ Alden 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly