ပြည်သူလူထုကို စစ်ကောင်စီ ဘယ်လောက်ထိ ကြောက်လန့်နေလဲ

By Spring
25 April 2023
ပြည်သူလူထုကို စစ်ကောင်စီ ဘယ်လောက်ထိ ကြောက်လန့်နေလဲ

အရပ်သားပြည်သူတွေကို ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို ဘယ်လောက်ထိ ကြောက်လန့်နေလဲဆိုတာ ပေါ်လွင်နေပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် စစ်ကောင်စီကို အပြင်းအထန် တော်လှန်နေတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေဟာ နေ့စဉ်လိုလို လက်နက်မဲ့ ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ သတင်းတွေမှာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီကို ခါးခါးသီးသီး မုန်းတီးနေတဲ့ ပြည်သူတွေအပေါ် အကြောက်တရားထည့်သွင်းနေတဲ့ စစ်ကောင်စီဟာ တကယ်တမ်းတော့ သူတို့ကိုယ်တိုင် ကြောက်လန့်နေတာလည်း ထင်သာမြင်သာ ရှိပါတယ်။

ထင်ရှားတဲ့ သာဓကကတော့ ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်း လူမှုကွန်ရက်မှာ ဖော်ပြတဲ့ ထင်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေတာပါ။

သင်္ကြန်မတိုင်ခင်က ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ အပါအဝင် ပြည်သူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မချိတင်ကဲ ခံစားရတဲ့ ပြည်သူတွေက လူမှုကွန်ရက် စာမျက်နှာတွေမှာ ပရိုဖိုင်း အနက်ရောင်ချိန်းတာ၊ ဝမ်းနည်းကြောင်း ဖော်ပြတာတွေ လုပ်ခဲ့ကြပါတယ်။

#politics

#newsfeature

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly