စစ်ကောင်စီတပ်ဖမ်းဆီးထားသည့် ပြည်သူများကို ကယ်ထုတ်ရန်ကြိုးစားရင်း ကျဆုံးခဲ့ရသည့် ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား (ရုပ်သံ)

By ရောင်နီ (မဇ္စျိမ)
25 April 2023
စစ်ကောင်စီတပ်ဖမ်းဆီးထားသည့် ပြည်သူများကို ကယ်ထုတ်ရန်ကြိုးစားရင်း ကျဆုံးခဲ့ရသည့် ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်ရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း GZ - Special Task Force (Watlet) တပ်ဖွဲ့ထံမှ သိရသည်။ 

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ၀က်လက်မြို့နယ် ဘုံးဘွဲ့ကျေးရွာအနီးတွင် ရင်းတောကျေးရွာမှ ပြည်သူများကို ဖမ်းဆီးကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ပြည်သူများကို ကယ်ထုတ်ရန်ကြိုးစားခဲ့သည့်  GZ - Special Task Force (Watlet) မှ ကာကွယ်ရေးတပ်ဖွဲ့၀င် နှစ်ဦးအပါအ၀င် စုစုပေါင်း ခုနစ်ဦး စစ်ကောင်စီတပ်၏ ပိတ်ဆို့ပစ်ခတ်ခြင်းခံရကာ ကျဆုံးခဲ့ရသည်။ 

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် GZ - Special Task Force (Watlet) မှ ရဲဘော်များဖြစ်သည့် ရဲဘော်ဂတုံးနှင့် ရဲဘော်မုန့်လုံး တို့၏ စျာပနအခမ်းအနားကို  ဧပြီလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဒေသခံရာနှင့်ချီ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly