ယင်းမာပင်မြို့နယ်အတွင်း သပိတ်တပ်ပေါင်းစုဖြင့် ချီတက်ခဲ့သည့် ရွာပေါင်းစုံ စစ်ကြောင်း

By ပါခွီး (မဇ္စျိမ)
25 April 2023
ယင်းမာပင်မြို့နယ်အတွင်း သပိတ်တပ်ပေါင်းစုဖြင့် ချီတက်ခဲ့သည့် ရွာပေါင်းစုံ စစ်ကြောင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် နှင့် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင် ရေးသပိတ် ချီတက်ဆန္ဒပြကြသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ဒေသတွင်း သပိတ်စစ်ကြောင်းများဖြစ်သော ကယ်တင်ရှင်မရှာ တို့ကျေးရွာ ၊ အောင်လံလွှင့်မည်ရွှေရေကြည် ၊ ယင်းမာပင်မြောက် ခြမ်းကျေးရွာများ ၊ ရွှေဥက္ကံ ၊ တောင်ပုသွေး ၊ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းများ စုပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

သပိတ်တပ်ပေါင်းစု စစ်ကြောင်းသည် “How many dead bodies do UN and International government need to take action” ပါ စာတန်း ကို ကိုင်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင့်ရေး ချီတက်ခဲ့ကြပြီး ကလေးမြို့ ပင်မသပိတ်ခေါင်းဆောင် ရဲဘော် ကိုဗိုက်ပူမှ လူထုအား နိုင်ငံရေး တရားများ ဟောပြောခဲ့ကြောင်း သိရသည်။

ယနေ့တွင် ဆန္ဒပြရက်ပေါင်း (၇၇၂) ရက်မြောက်အဖြစ် ရွာပေါင်းစုံသပိတ်က ပူးပေါင်းချီတက်ခဲ့ခြင်း ဖြစ်သည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည်  ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly