ပဇီကြီး ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်အောင် ဘာလုပ်သင့်လဲ 

24 April 2023
ပဇီကြီး ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်အောင် ဘာလုပ်သင့်လဲ 

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လူမဆန်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုအထွေအထူးပြောနေစရာမလိုတော့ ဘူးလို့ထင်ပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်းလူမဆန်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုပေါင်း များစွာကို ကျူးလွန်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာဧပြီလဒုတိယပတ်အတွင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာထက်ပိုတဲ့

ရက်စက်ကြမ်းကြုတ်မှုကို ထပ်မံကျူးလွန်သွားခဲ့ပြန်ပါတယ်။

ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာလုပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံးသစ်ဖွင့်ပွဲအလှူကိုအကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေအပါအဝင်လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly