မင်းမော်ကွန်းဦးဆောင်တဲ့ "ကန့်ဘလူအကြွေး" ကမ်ပိန်း(ရုပ်သံ)

By ဂျူချန်း (မဇ္ဈိမ)
21 April 2023
မင်းမော်ကွန်းဦးဆောင်တဲ့ "ကန့်ဘလူအကြွေး" ကမ်ပိန်း(ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးငယ်တွေနဲ့အရပ်သားပြည်သူ ၁၇၀ ကျော် သေဆုံးရကာ လူပေါင်း ၁၀၀ နီးပါး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ 

ဒေသခံပြည်သူတွေကို ကူညီဖို့အတွက် “ကန့်ဘလူအကြွေး" ကမ်ပိန်းကို ဆောင်ရွက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော်၊ သရုပ်ဆောင်မင်းမော်ကွန်း ဦးဆောင်တဲ့ "ကန့်ဘလူအကြွေး" ကမ်ပိန်းကို ဧပြီလ ၁၅ရက်နေ့မှာ စတင်တာဖြစ်တယ်လို့ သိရပါတယ်။

ဧပြီ ၁၁ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးကျေးရွာမှာ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီးနောက်မှာ နောက်ထပ် ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဧပြီလ ၂၀ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စီးနဲ့ ပဇီကြီးကျေးရွာကို ထပ်ပြီးတော့ ဗုံးကြဲ ပစ်ခတ်ခဲ့ပါသေးတယ်။ 

စစ်​ကောင်စီတပ်ဟာ မြေပြင်ကလည်း ထိုးစစ်ဆင်နေတာကြောင့် ဒေသခံ ၅,၀၀၀ ကျော် ဘေးလွတ်ရာ တောတွေထဲမှာ ရှောင်ပုန်းနေကြရတယ်လို့ သိရပါတယ်။ 

ကန့်ဘလူဒေသက ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် "ကန့်ဘလူ အကြွေး" ကမ်ပိန်းကို ပါဝင်ပေးကြဖို့ သရုပ်ဆောင်မင်းမော်ကွန်းက တိုက်တွန်းထားပါတယ်။

စာတည်း - သန့်ဇော်(သန်လျင်)
တင်ဆက်/တည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly