NUG ရဲ့ အောင်မြင်မှုဟာ ပြည်သူလူထုရဲ့ အောင်မြင်မှု

NUG ရဲ့ အောင်မြင်မှုဟာ ပြည်သူလူထုရဲ့ အောင်မြင်မှု

စစ်ကောင်စီကို တော်လှန်တဲ့နေရာမှာ နိုင်ငံရေးခံယူချက်တွေ တူညီသူတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဟာဆိုရင် ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က တော်လှန်ရေးခရီး နှစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီက မတရားအာဏာသိမ်းယူခဲ့ပြီး နှစ်လကျော်အကြာ ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ တစ်ရပ်အဖြစ် NUG ကို ဖွဲ့စည်းနိုင်ခဲ့သလို၊ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

ဝေဖန်မှုမျိုးစုံနဲ့ အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံ ခါးစည်းခံပြီး လျှောက်လှမ်းခဲ့ရပေမယ့် NUG ရဲ့ နှစ်နှစ်တာ ခရီးဟာ အောင်မြင်မှု၊ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။

အကြမ်းဖက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ စစ်ရေးအရ အောင်မြင်မှုတွေ ရှိခဲ့သလို၊ သံတမန်ရေး၊ နိုင်ငံရေးနဲ့ တခြားသော ကဏ္ဍတွေမှာပါ တိုးတက်လာတာလည်း တွေ့ရပါတယ်။

ငွေကြေးရန်ပုံငွေအရ NUG ရဲ့ ခရီးအစမှာ တစ်ပြားတစ်ချပ်မှမရှိခဲ့ပေမယ့် မြန်မာပြည်သူလူထုရဲ့ ယုံကြည်မှုကို ရရှိခဲ့တဲ့အတွက် တော်လှန်ရေးရန်ပုံငွေကို လမ်းကြောင်းပေါင်းများစွာကနေ ရှာဖွေနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly