အိန္ဒိယဟာ လူဦးရေ ၁ ဒဿမ ၄ ဘီလီယံ (သန်းထောင့်လေးရာ) ရှိလာပြီး၊ တရုတ်နိုင်ငံရဲ့ လူဦးရေကို ကျော်တက်တော့မယ်လို့ လူဦးရေတိုးပွားမှုနှုန်း လေ့လာသူတွေကပြောပါတယ်။ ဒါပေမယ့် ဘယ်အချိန်လောက်မှာ တရုတ်လူဦးရေကို ကျော်တက်မယ်ဆိုတာကိုတော့ အတိအကျမခန့်မှန်းနိုင်သေးပါဘူး။ အိန္ဒိယမှာလူဦးရေတိုးပွားလာတာဟာ၊ လုပ်သား အင်အားတိုးပွားလာတာဖြစ်ပြီး၊ စီးပွားရေးပါ တိုးတက်လာနိုင်ပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုဇော်မိုးကျော် တင်ဆက်ထားပါတယ်။