ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင် ၂၀၀ ကျော်အား ကျေးလက်မြေအဖွဲ့မှ ကျွေးမွေးလှူဒါန်း (ရုပ်သံ)

By ဂန္ဒမာ
19 April 2023
ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင် ၂၀၀ ကျော်အား ကျေးလက်မြေအဖွဲ့မှ ကျွေးမွေးလှူဒါန်း (ရုပ်သံ)

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းတစ်နေရာမှာ စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော်ကို ဧပြီလ ၁၈ ရက်နေ့ က ကျေးလက်မြေအဖွဲ့ကနေ ထမင်း၊ ဟင်း ကျွေးမွေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ရှောင်စခန်းအတွက် လိုအပ်မှုတွေရှိနေတဲ့အကြောင်းကိုတော့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ကျေးလက်မြေအဖွဲ့အနေနဲ့ ကရင်နီပြည်နယ်မှာဆိုရင် ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားမှုသင်တန်းများ၊ ကျား၊ မ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးများကိုလည်း လုပ်ဆောင်ပေးနေသလို တောင်တန်းပြည်မ မခွဲခြားဘဲ ကလေးငယ်များကို NUG လက်အောက်ခံကျောင်းတွေမှာ ပညာသင်ကြားခွင့်ရအောင် လုပ်ဆောင်ပေးထားတယ်လို့လည်း သိရပါတယ်။

ကျေးလက်မြေအဖွဲ့ဟာ ကရင်နီပြည်နယ်မှာ လိုအပ်နေတဲ့အရာတွေကိုလည်း ဖြည့်ဆည်းပေးနေပြီးတော့ သောက်သုံးရေလိုအပ်ချက်မှအစ CDM ပြုလုပ်ထားသူများကို ထောက်ပံံ့ကူညီမှုအဆုံး ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

စာတည်း - သန့်ဇော်(သန်လျင်)
ရုပ်သံ တည်းဖြတ်/တင်ဆက် -ဂန္ဒမာ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required