စစ်ကောင်စီကျင်းပတဲ့ သင်္ကြန် ေအာင်မြင်ခဲ့ရဲ့လား 

စစ်ကောင်စီကျင်းပတဲ့ သင်္ကြန် ေအာင်မြင်ခဲ့ရဲ့လား 

မြန်မာပြည်သူတွေဟာ စစ်ကောင်စီ လက်ထက်မှာ မြန်မာ့ရိုးရာအတာသင်္ကြန် သုံးကြိမ်မြောက် ကြုံခဲ့ရပြီး မြန်မာနှစ်သစ်လည်း သုံးကြိမ်မြောက် ကူးခဲ့ရပြီ။

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဆိုတာ မြန်မာလူမျိုးတွေအတွက် ပျာ်စရာအကောင်းဆုံးဖစ်ပြီး လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲကြတဲ့ ပွဲတော်ကြီးလည်းဖြစ်ပါတယ်။

တစ်နှစ်မှ တစ်ခါ ရုံးပိတ်ရက်ရှည်လည်း ရပြီး အလှူအတန်းတွေလည်း ခြိမ့်ခြိမ့်သည်းကြတဲ့ ဒီသင်္ကြန်ကာလ မတိုင်ခင် မတ်လကုန်ပိုင်းလောက်ကတည်းက သင်္ကြန်သီချင်းသံတွေ‌နေရာတိုင်းမှာ ညံဝေနေပြီး မိသားစုမဏ္ဍာပ်တွေ၊ အစုအဖွဲ့လိုက် မဏ္ဍာပ်တွေကို ရန်ကုန်မြို့မှာ လက်ညှိုးထိုးမလွဲ ေတွ့ကြရပါတယ်။

မန္တလေး၊ ေတာင်ကြီး၊ ေမာ်လမြိုင် စတဲ့မြို့ကြီးတွေမှာလည်း ထိုနည်းလည်းကောင်းသူ့အရပ်နဲ့သူ ေပျာ်ကြတဲ့ သင်္ကြန်တွေကို ဖြတ်သန်းခဲ့ရတာ ဖစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly