လူမှုကွန်ယက်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုများ | VOA On Mizzima

လူမှုကွန်ယက်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုများ | VOA On Mizzima

အခုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်ဗွီဒီယိုသတင်း တွေကို ပြောပြပေးချင်ပါတယ်။ လော့စ်အန်ဂျလိစ်မြို့မှာ နေထိုင်တဲ့ မင်းသားကြီး အာနိုး၊  ရပ်ကွက်ထဲ ရေပိုက်ပြင်လို့ ချိုင့်ဖြစ်နေတာ ကြည့်မရလို့  ကိုယ်တိုင်ထွက်ပြီး လမ်းအပေါက်ဖာခဲ့ ပါတယ်။ ကမ္ဘောဒီးယားက ပန်းထိန်ဆရာတယောက်ကတော့ AK-47၊ M-16 သေနတ်တွေက ကျည်ဆန်တွေနဲ့ လက်ဝတ်လက်စားတွေ ဖန်တီးရောင်းချနေပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required