မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

By MTO (မဇ္ဈိမ)
17 April 2023
မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အာလကပ္ပကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာအကြား မြောင် လမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ ၁၆ ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း DK-PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိတယ်လို့ ကြားရပါတယ်” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုအတွင်း ၈၀ မမ လက်နက်ကြီး ရှစ်လုံး နှင့် ၆၀ မမ နှစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယခုတိုက်ခိုက်မှုသည် ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုကို လက်တုန့်ပြန်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း DK-PDF မှ တာဝန်ရှိသူက ဆိုသည်။

မြောင်လမ်းခွဲတွင် အင်အား ၈၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် လမ်းသွား လမ်းလာကားများကို စစ်ဆေးခြင်း ၊အနီးအနားရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်ခြင်းများ ပြုလုပ် လေ့ရှိကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို People's Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF-MMU၊ People's Knight Defence Force Myinmu (PKDF MMU) ၊ Zarmini Revolution Force Myinmu/Myaung ၊မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပကဖနှင့် (D.B.B.F-MMU) စသည့် မဟာမိတ်တပ်ဖွဲ့များက ပူပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#မြင်းမူမြို့

#စစ်ကောင်စီတပ်

#တိုက်ခိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly