သင်္ကြန် အတက်နေ့ မန္တလေးမြို့ မြင်ကွင်းများ

By 008 (မဇ္ဈိမ)
17 April 2023
သင်္ကြန် အတက်နေ့ မန္တလေးမြို့ မြင်ကွင်းများ

မန္တလေးမြို့ ကျုံးတောင်ဘက်ရှိ မြို့တော်ဝန်မဏ္ဍပ် အပါအဝင် စစ်အုပ်စုနှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ချို့၏ မဏ္ဍပ်များတွင် ပျော်ပါးနေသူများကို ယနေ့ ဧပြီလ ၁၆ရက် သင်္ကြန်အတက်နေ့၌ ယခုလိုတွေ့ရသည်။

သင်္ကြန် အကြို၊ အကျနှင့် အကြတ်နေ့တွင် စည်ကားမှု မရှိခဲ့သော်လည်း ယနေ့ အတက်နေ့တွင် အနည်းငယ် စည်းကားသည်ကိုတွေ့ရသည်။ ကျုံးဘေးတွင်သာ ယခုလို မြင်တွေ့ရသော်လည်း မင်္ဂလာ မန္တ‌လေးဘေးဘက်တွင် သင်္ကြန်ကာလ တစ်လျှောက်လုံး စည်ကားသည်ကိုတွေ့ရသည်။

ယနေ့တွင် ကျုံးဘေးတစ်လျှောက်အပြင် လမ်းဆုံ ၊ လမ်းခွများနှင့်လူစည်ကားနိုင်သည့် နေရာများတွင် လုံခြုံရေး အများအပြားချထားသည်ကိုလည်း တွေ့ရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#မန္တလေးသင်္ကြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly