“တို့ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင် သူတောင်းစားတွေသမ္မတဖြစ်မယ်" သံချပ်နှင့် ယင်းမာပင်က တော်လှန်သင်္ကြန် (ရုပ်သံ)

By ရွှေနွယ် (မဇ္ဈိမ)
17 April 2023
“တို့ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင် သူတောင်းစားတွေသမ္မတဖြစ်မယ်" သံချပ်နှင့် ယင်းမာပင်က တော်လှန်သင်္ကြန် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်အတွင်းမှာ အခုအတာသင်္ကြန်ကာလအတွင်း ဒေသခံပြည်သူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ တက်ညီလက်ညီ လွတ်လွတ်လပ်လပ်နဲ့ သင်္ကြန်သံချပ်တွေ၊ တေးသီချင်းတွေ တော်လှန်ရေးကြွေးကြော်သံတွေနဲ့အတူ တော်လှန်သင်္ကြန်ကိုဆင်နွှဲနေကြပါတယ်။

ဒီလို လွတ်လွတ်လပ်လပ် တော်လှန်သင်္ကြန်ဆင်နွှဲနေကြတာကိုကြည့်ခြင်းအားဖြင့် NUG စိုးမိုးနယ်မြေတွေအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေရဲ့စည်းလုံးမှုကိုလည်း မြင်တွေ့ရသလို တော်လှန်သင်္ကြန်ဆိုတာရဲ့အနှစ်သာရကိုလည်း မြင်တွေ့ကြရတာကြောင့် မဇ္ဈိမပရိတ်သတ်တွေကြည့်ရှုနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly