မော်လမြိုင်ကျွန်း ပျံကျစျေးမီးလောင်မှု ဆိုင်ခန်း ၃၆ ခန်း မီးလောင်ဆုံးရှုံးပြီး သေဆုံးသူရှိဟုဆို

By မင်းထက် (မဇ္စျိမ)
16 April 2023
မော်လမြိုင်ကျွန်း ပျံကျစျေးမီးလောင်မှု ဆိုင်ခန်း ၃၆ ခန်း မီးလောင်ဆုံးရှုံးပြီး သေဆုံးသူရှိဟုဆို

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ ၊၁၁ လမ်းနှင့် ၁၃ လမ်းကြား၊သောင်တိုးမြေအရပ်၊ အောင်သာယာစျေးအနီးရှိ ပျံကျစျေးတွင်ယမန်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ ပျံကျစျေးတွင် ဧပြီလ ၁၅ ရက် ည ၇ နာရီ ၅၀ မိနစ်ခန့်က သေဆုံးသူ အသက် ၅၈ နှစ်အရွယ် ဦးမိုးကျော်၏ ဆိုင်ခန်းမှ

စတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသူ ဦးမိုးကျော်သည် စျေးမီးလောင်ချိန်၌ အရက်မူးကာ စျေးအတွင်းရှိ ၎င်း၏ဆိုင်တွင် အိပ်နေသည့်အတွက် မီးလောင်သေဆုံးခဲ့ခြင်း

ဖြစ်သည်ဟု ဧရာဝတီတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဦးမိုးကျော်မူးပြီး အိပ်နေတဲ့အချိန် သူ့ဆိုင်ထဲမှာထွန်းထားတဲ့ ဖယောင်းတိုင်ကလဲပြီး စျေးဗန်းတွေကို မီးကူးပြီး စလောင်တာပါ။ ဆိုင်ခန်း ၃၆ ခန်း

မီးလောင်သွားတယ်"ဟုဆိုသည်။

မီးလောင်မှုဖြစ်ပြီး မိနစ်အနည်းငယ်တွင် မော်လမြိုင်ကျွန်း၊ ကျိုက်ပိ၊ မအူပင်မြို့မှမီးသတ်ကားများနှင့် ရေသယ်ယာဥ်များအပြင် ဒေသခံများကပါ

လာရောက်မီးငြှိမ်းသတ်ခဲ့သည့်အတွက် ည ၈ နာရီ ၄၀ မိနစ်ခန့်အချိန်၌ မီးငြိမ်းခဲ့သည်ဟုသိရသည်။

မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၄၀,၀၀၀ ခန့်ရှိသည်ဟု ဧရာဝတီတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းခဲ့သည် ဆိုင်ခန်းပိုင်ရှင် သေဆုံးသူ ဦးမိုးကျော်အား မော်လမြိုင်ကျွန်းမြို့မ ရဲစခန်းမှ ပုဒ်မ(၂၈၅)၊ ပုဒ်မ ၃၀၂ တို့

ဖြင့် အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်နေသည်ဟုသိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#မီးလောင်

#ပျံကျဈေးမီးလောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly