ကနီမြို့မှ တော်လှန်သင်္ကြန်သံချပ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

By ချမ်းငြိမ်း(မဇ္ဈိမ)
16 April 2023
ကနီမြို့မှ တော်လှန်သင်္ကြန်သံချပ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တုတ်ကြီးဦးဆောင်ကာ ဧပြီလ ၁၅ ရက် သင်္ကြန် အကြတ်နေ့တွင် တော်လှန်သံချပ်ထိုးခဲ့ပြီး ကျေးရွာများသို့ လှည့်လည်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။

တော်လှန်သင်္ကြန်သံချပ်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ဒေသတွင်းကျေးရွာငါးရွာတွင် လှည့်လည်ဟောပြောဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ဒေသခံအများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။

'' အခုလိုမျိုး သံချပ်နဲ့ ဆန္ဒလှည့်လည်ပြရတာက သင်္ကြန်တွင်းမှာ ရေကစားကြတဲ့လူငယ်လူရွယ်လေးတွေရော၊မိဘပြည်သူများရော တော်လှန်ရေးကြီးမှာ သွေးမအေးကြဖို့ရာဖြစ်တယ်။ သင်္ကြန်ကာလကို ပျော်ပွဲ၊ရွှင်ပွဲအဖြစ်ဆင်နွှဲလို့ မသင့်တော်တဲ့အတွက် တော်လှန်ရေးသင်္ကြန်အဖြစ် တော်လှန်သင်္ကြန်သံချပ်နဲ့ ဆင်နွှဲရခြင်းဖြစ်တယ်'' ဟု ရဲဘော်တုတ်ကြီးကပြောသည်။

ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်တွင် တပ်ရင်း သုံးရင်း အထိရှိနေပြီး စုစုပေါင်း အင်အား ၁၀၀၀ ခန့်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima

#ကနီမြို့

#တော်လှန်သံချပ်

#စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly