စစ်ကောင်စီတပ်က ရွာမှဖယ်ရှားခိုင်း၍ နတ်တလင်းမြို့နယ်ရှိ ကျေးရွာဒေသခံများ အခက်ကြုံနေ

By ရွှေနွယ် (မဇ္ဈိမ)
16 April 2023
စစ်ကောင်စီတပ်က ရွာမှဖယ်ရှားခိုင်း၍ နတ်တလင်းမြို့နယ်ရှိ ကျေးရွာဒေသခံများ အခက်ကြုံနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ တောင်ညိုဆည်အထက် ပဲခူးရိုးမအစပ်က ကျေးရွာတချို့က ရွာခံတွေကို စစ်ကောင်စီတပ်တွေက ရွာကနေ ထွက်သွားဖို့ ပြောဆိုလာတဲ့အတွက် ဒေသခံတွေဟာ ရွာကနေ ထွက်ခွာနေကြရပါတယ်။

တောင်ညိုဆည်အထက်ဘက်က ကြက်မနက်ရွာ၊ ကရင်ဆင်ဆွဲရွာနဲ့ ပျဉ်းမခေါင်ရွာတွေကို စစ်ကောင်စီတပ်တွေက ဧပြီလ ပထမပတ်ထဲမှာ တစ်ပတ်အတွင်းရွာကနေ ထွက်ခွာသွားကြဖို့လာပြောသွားတာဖြစ်ပြီး ရွာသားတွေဘက်က တစ်ပတ်အတွင်းဆိုတာ အဆင်မပြေနိုင်တဲ့အတွက် ဆယ့်ငါးရက်လောက်အချိန်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

#Mizzima

#နတ်တလင်းမြို့နယ်

#ရွာမှဖယ်ရှား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly