ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့၏ ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ မြင်ကွင်းများအား ဒေသခံများက ရိုက်ကူးပေးပို့လာသည့် ဓာတ်ပုံမှတ်တမ်းများ ဖြစ်သည်။
ယခင်စည်ကားရာ မြို့ပေါ်ရပ်ကွက်များတွင် လူအသွားအလာ အလွန်နည်းပါးနေပြီး ရေကစားသူ အနည်းငယ်သာရှိသည်ဟု ဒေသခံတစ်ဦးကပြောသည်။
"အချို့ရပ်ကွက်ထဲက ကြံ့ဖွတ်(ကြံ့ခိုင်ရေးပါတီ)သားသမီးတွေလောက်ပဲ ရေပက်တာတွေ့တယ်။တစ်မြို့လုံး အိမ်မှာပဲနေကြတာများပါတယ်" ဟု ဆိုသည်။
ယင်းပြင် ဥယာဥ်မြောက်ရပ်ကွက်၊ အားကာတန်းစျေးအနီးတွင် ယမန်နေ့ သင်္ကြန်အကြိုနေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် အချို့နှင့် Non-CDM ဝန်ထမ်း အနည်းငယ်သာ ရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီမှ ဦးစီးကျင်းပသည့် သင်္ကြန်ပွဲများတွင် ပါဝင်ခြင်းမပြုကြရန် မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ထားကြသည်။
စာတည်း။ ။ ဖူးသိမ်ကျ