ဧပြီလ၊ ၁၃ရက်၊ ၂၀၂၃ခုနှစ်။
ဖက်ဆစ်တပ်ရဲ့ ရွေးကောက်ပွဲ ဘာလဲ၊ ဘယ်လဲဆိုတာကို မီးလျှံ သံချပ်က တင်ဆက်ထားတာဖြစ်ပါတယ်။
အာဏာသိမ်းပြီးကတည်းက ခုချိန်ထိ ဖက်ဆစ်တပ်ဟာ တရားဝင်မှု ရရှိဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေတဲ့ထဲမှာ ရွေးကောက်ပွဲကလည်း တခုအပါအဝင်ဖြစ်ပါတယ်။
ဖက်ဆစ်တပ်ရဲ့ သရုပ်သကန်အမှန်ကို တင်ဆက်ထားသလို၊ ဖက်ဆစ်တပ်ရဲ့ ရွေးကောက်ပွဲမှ မဟုတ် ဖက်ဆစ်တပ်ဆိုတာနဲ့ ဘာဆို ဘာမှ လက်မခံတဲ့ ပြည်သူတွေရဲ့ အသံကို ဒီသံချပ်မှာ နားသောတဆင်နိုင်ပါတယ်။