မြိတ်-ထားဝယ် ကားလမ်းမပေါ် "တော်လှန် သင်္ကြန်" စာသားရေးဆွဲလှုပ်ရှားမှုပြုလုပ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
14 April 2023
မြိတ်-ထားဝယ် ကားလမ်းမပေါ် "တော်လှန် သင်္ကြန်" စာသားရေးဆွဲလှုပ်ရှားမှုပြုလုပ်

တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ်ရှိ မြိတ်-ထားဝယ် ကားလမ်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန် အကျနေ့တွင် စစ်ကောင်စီက ဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲကို ဆန့်ကျင်သည့် စာသားများ ရေးဆွဲ ဆန္ဒပြကြကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုတွင် စစ်ကောင်စီ၏ သင်္ကြန်ပွဲတော်အား ပြည်သူများ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ရန် သရက်ချောင်းမြို့နယ်ရှိ တော်လှန်ရေး လူငယ်များက "တော်လှန်သင်္ကြန်" စာသားများ ရေးဆွဲခြင်းနှင့် စာရေးထားသည့် ကတ်ပြား ချိတ်ဆွဲခြင်း ပြုလုပ်သည်ဟု သိရသည်။

စာတည်း။      ။  ဖူးသိမ်ကျ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly