၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းပြည်အာဏာကို သိမ်းယူခဲ့လို့ လွတ်လပ်ရေးရပြီးနောက်သတင်း လွတ်လပ်ခွင့် ထွန်းကားနေတဲ့မြန်မာနိုင်ငံဟာ သတင်းလောက အမှောင်ခေတ်ကိုရောက်ခဲ့ရပါတယ်။
အဲဒီနောက် နှစ်ပေါင်း ၅၀ နီးပါးအကြာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ ပုဂ္ဂလိကသတင်းစာတွေကို စပြီးထုတ် ဝေခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် တစ်ကျော့ပြန် ပုဂ္ဂလိကသတင်းစာတွေ ရဲ့ သက်တမ်းဟာ ဒီနှစ် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ဆယ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။