KNU/KNLA- PC စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ မိမိကိုယ်ကိုအဆုံးစီရင်

By YT (မဇ္ဈိမ)
11 April 2023
KNU/KNLA- PC စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ မိမိကိုယ်ကိုအဆုံးစီရင်

ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၏ စစ်ရေးချုပ်စောအယ်ခူသည် ယနေ့နံနက်အစောပိုင်းက မိမိကိုယ်ကိုအဆုံး စီရင်သွားကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံက သိရသည်။

ဗိုလ်ချုပ်စောအယ်ခူသည် ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၉ နာရီကျော်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထလော့စခန်းအတွင်းရှိ ၎င်း၏နေအိမ်၌ လက်ပစ်ဗုံးဖြင့်ဗုံးခွဲ၍ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း KNU/ KNLA- PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

“အဲဒီမှာ ဗိုလ်ချုပ်စောအယ်ခူအပြင် ကျွန်တော်တို့ရဲ့တပ်ဗိုလ်၊ တပ်မှူးတွေလည်း အနီးအနားမှာရှိနေ တော့ သူတို့ဆီကနေ လှမ်းပေးပို့တဲ့သတင်းအရ သူ့ကိုယ်သူ လက်ပစ်ဗုံးဖောက်ခွဲပြီး အဆုံးစီရင်သွားတယ် လို့တော့ သိရပါတယ်" ဟု KNU/ KNLA- PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ်စောအယ်ခူအား ၎င်း၏ နေအိမ်ဘေးတွင် ခြေလက်ပြတ်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည် ကိုတွေ့ရကြောင်း KNU/ KNLA- PC နှင့် နီးစပ်သော သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

“ခြေတွေလက်တွေ ပြတ်ထွက်နေတာ ကြည့်လို့တောင်မကောင်းဘူးဗျာ။ ၉ နာရီဝန်းကျင်လောက်မှာ ဖြစ် တာပါ” ဟု ဆိုသည်။

ယမန်နေ့ညက ဗိုလ်ချုပ်စောအယ်ခူ၏နေအိမ်အား BGF မှ ဝင်ရောက်မွှေနှောက်ပြီး နေအိမ်အတွင်းရှိ လက်နက်များအား ယူဆောင်သွားကြောင်း သတင်းများထွက်ပေါ်နေသည်။

“တိုက်ပွဲဖြစ်ပြီးတော့ တိုက်ခိုက်နေတဲ့ဘက်နှစ်ဘက်ကြားမှာ သူ့အနေနဲ့ ညှိနှိုင်းဖြန်ဖြေမှုတွေကတော့ နှစ် ဖက်စလုံးကို သူ့နည်းသူ့ဟန်နဲ့ လုပ်နိုင်စွမ်းရှိသလောက် အကောင်းဆုံးကြိုးပမ်းလုပ်ဆောင်ခဲ့တယ်ဆိုတာ တော့ သိရပါတယ်၊ သို့သော်လည်း အဲဒီလိုမျိုး အသေးစိတ်အချက်အလက်တွေ ရှိလား၊ မရှိလားဆိုတာ ကတော့ ကျွန်တော့်အနေနဲ့ ရိုးရိုးသားသားပါပဲ၊ မသိရပါဘူး”ဟု အဆိုပါသတင်းများနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောကျော်ညွန့်က မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က KNU/ KNLA- PC ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် တပ်ရင်း (၇၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့အား စည်းမျဉ်းစည်းကမ်းများမလိုက်နာ၍ဟုဆို ကာ ဗိုလ်ချုပ်စောအယ်ခူ၏ လက်မှတ်ဖြင့် ထုတ်ပယ်ခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#KNU/KNLA-PC

#စစ်ရေးချုပ်

#ဗိုလ်ချုပ်စောအယ်ခူ

#မိမိကိုယ်ကိုအဆုံးစီရင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly