အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု

By ကိုခင်မောင်(မဇ္ဈိမ)
11 April 2023
အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးရွာကို ဒီကနေ့ ဧပြီ ၁၁ ရက် မနက် ၇နာရီ ၄၅မိနစ်အချိန်မှာ စစ်ကောင်စီတပ်တွေက တိုက်လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်သွားလို့ သေဆုံးသူအများအပြားရှိနေပါတယ်။

ပဇီကြီးရွာမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ရုံးဖွင့်ပွဲ ပြုလုပ်ဖို့ လူစုဝေးနေချိန် အခမ်းအနားမစတင်မီမှာဘဲ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းတက်ကြမယ့် ကလေးတွေဟာ ပွဲကကျွေးမွေးတဲ့အစားအသောက်တွေကို စားသောက်နေကြတုန်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချသွားတာဖြစ်တယ်လို့ ဒေသခံ ကိုဖိုးသိန်းက မဇ္ဈိမကို ပြောပါတယ်။

#ပဇီကြီးရွာ

#လေကြောင်းတိုက်ခိုက်

#ပအဖ

#ကန့်ဘလူ

သတင်း/ တင်ဆက် - Kim Mung

ရုပ်သံတည်းဖြတ် - Thant Sin

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly