အုန်းတောစစ်တပ်ဝင်းနှင့် မာလဲတောပျူစခန်းကို ဒရုန်းဗုံးများဖြင့် တိုက်ခိုက်

By 007 (မဇ္စျိမ)
10 April 2023
အုန်းတောစစ်တပ်ဝင်းနှင့် မာလဲတောပျူစခန်းကို ဒရုန်းဗုံးများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီးရှိ အုန်းတောစစ်တပ်ဝင်းနှင့် မာလဲတောကျေးရွာအတွင်း စခန်း ချထားသည့်စစ်အုပ်စုကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။

စစ်ကိုင်းမြို့အဝင် အုန်းတောကျေးရွာရှိအုန်းတောစစ်တပ်ဝင်းကို ဒရုန်းဗုံးနှစ်လုံးဖြင့်လည်းကောင်း၊ ၎င်း နှင့်လေးမိုင်အကွာခန့်ရှိ ပျူစောထီးကြီးစိုးရာ မာလဲတောကျေးရွာ စစ်အုပ်စုစခန်းကို ဒရုန်းဗုံးသုံးလုံး ဖြင့်လည်းကောင်း ဧပြီလ ၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

“အဲဒီနေရာနှစ်ခုက တစ်ခုနဲ့တစ်ခု လေးငါးမိုင်လောက်ပဲကွာတယ်။ အဲဒီနားအထိ ကျွန်တော်တို့မဟာမိတ် တွေသွားပြီး မစ်ရှစ်လုပ်ခဲ့ကြတယ်၊ စကစတွေအထိအခိုက် အတိအကျမသိရသေးပါဘူး” ဟု ၎င်းကဆို သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိမရှိမသိရသေးသော်လည်း၊ မဟာမိတ်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(စစ်ကိုင်းမြို့နယ်ပကဖ)၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Fight For Federal၊ Phoenix Sgg ၊ Zero Power နှင့် စစ်ကိုင်းခရိုင်တပ်ရင်း (၇) တပ်ခွဲ(၄)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့်မတ်လ ၃၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့မှဈေးဝယ်ပြန်လာသည့် စစ်အုပ်စုယာဉ်တန်းကို ဒရုန်းဗုံး ၁၀ လုံးဖြင့်တိုက်ခိုက်ရာ စစ်သား နှစ် ယောက်ထက်မနည်း သေဆုံးခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းမြို့

#အုန်းတောစစ်တပ်ဝင်း

#ဒရုန်းဗုံး

#ယူနီကွန်းပြောက်ကျားတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly