“ရွှေကုက္ကိုလ်ဟာ BGF တင်မဟုတ်ဘဲ စစ်ကောင်စီအတွက်ပါ အရေးပါတဲ့ စီးပွားရေးနယ်ပယ်ဖြစ်တယ်”

“ရွှေကုက္ကိုလ်ဟာ BGF တင်မဟုတ်ဘဲ စစ်ကောင်စီအတွက်ပါ အရေးပါတဲ့ စီးပွားရေးနယ်ပယ်ဖြစ်တယ်”

“ကရင်စစ်မြေပြင်ရောက် မဇ္ဈိမသတင်းထောက်နှင့် မေးမြန်းချက်”

မဇ္ဈိမ။ ။ကရင်ပြည်နယ်ရှိ မြန်မာ-ထိုင်းနယ်စပ်က တရုတ်မြို့သစ်စီမံကိန်းလို့ထင်ရှားတဲ့ ရွှေကုက္ကိုလ် မြို့သစ်မှာ ဧပြီလပထမပတ်ကစပြီး ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်၊ BGF ပူး ပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု တွေလည်း ရှိခဲ့ပါတယ်။

အဲဒီရွှေကုက္ကိုလ်တိုက်ပွဲမှာ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေ သေဆုံးမှုများခဲ့သလို ကြား ဖြတ်တိုက်ခိုက်ခံရတဲ့ Lion Battalion စစ်ကြောင်းက PDF တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြဝတီမြို့ပေါ်နဲ့ မြဝတီ- ကော့ကရိတ် အာရှလမ်းပိုင်းမှာလည်း မတ်လ ၂၅ ရက်နေ့က စတင်ပြီး KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ် ပွားနေပါတယ်။

တိုက်ပွဲကြောင့် ဒေသခံ ၆,၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေ လိုအပ်ချက်တွေ ရှိနေပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်တိုက်ပွဲ နောက်ဆုံးအခြေအနေအပါအဝင် မြဝတီ- ကော့ကရိတ် အာရှလမ်း တိုက်ပွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး ကရင်စစ်မြေပြင်ကိုရောက်နေတဲ့ မဇ္ဈိမသတင်းထောက် ကိုဟန်ထူးဇော် ကို နောင်နောင်က ဆက်သွယ်သွယ် မေးမြန်းထားပါတယ်။

#ကရင်

#စစ်မြေပြင်သတင်းထောက်

#ရွှေကုက္ကိုလ်တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly