ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ရန် ဆန္ဒပြုကြောင်း NUG ယာယီသမ္မတ AA စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့

ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ရန် ဆန္ဒပြုကြောင်း NUG ယာယီသမ္မတ AA စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့

ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ရန် ဆန္ဒပြုကြောင်း NUG ယာယီသမ္မတ AA စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့ခဲ့ ကြောင်း NUG အစိုးရအဖွဲ့က ဆိုသည်။

(၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့တွင် ယာယီသမ္မတကြီး ဒူဝါလရှီးလက စာကိုယ်တိုင်ရေးသားကာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

၁၄ နှစ်တာကာလအတွင်း ပေးဆပ်မှုများဖြင့် ရခိုင်တမျိုးသားလုံးက အားကိုးယုံကြည်ရသည့် ရခိုင်တပ်တော်အဖြစ် ရပ်တည်နိုင်ခဲ့ သည်ကို ဂုဏ်ယူကြောင်း၊ ရခိုင်တပ်တော်နှစ်ပတ်လည်နေ့နှင့်အတူ ရခိုင်အမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကံ ဖန်တီးခွင့် အပြည့်အဝရရှိသည့် ဖယ်ဒရယ်ပြည် ထောင်စု ထူထောင်နိုင်ရန် အတူလက္တြဲ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆန္ဒပြုအပ်ကြောင်း ယာယီသမ္မတကြီးက ရေးသားထားသည်။

ထို့ပြင် ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေးလျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

ရခိုင်တပ်တော် AA ကို ကချင်ပြည်နယ်တွင် ၂၀၀၉ခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly