နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ ဧပြီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ ဧပြီ ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား တွေ့ဆုံကာ ပြည်သူများ ကိုအကာအကွယ်ပေးနိုင်ရေးအတွက် ဧပြီ ၅ ရက်ဆွေးနွေးခဲ့ကြသည်။ 

  • မူဝါဒ၊ လုပ်ငန်းလမ်းညွှန်ချက်များ ချမှတ်ကာ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ထိန်းကျောင်း တည့်မတ်ရေး တာဝန်ကို ပြည့်ပြည့်ဝဝ တာဝန်ယူ ဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားသည်။ 

  • စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က OneDayChallenge လှုပ်ရှားမှုက ရရှိလာသည့် ရန်ပုံငွေထဲက အမျိုးသားညီညွတ်ရေးအစိုးရကို လစဉ်လှူဒါန်းငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် ညီမျှတဲ့ ဝမ်ငွေကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • မောင်းထောင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု တပ်မ(၃၃) က ကျေးရွာအတွင်း ဝင်ရောက်စီးနင်းကာ ဒေသခံပြည်သူ (၄) ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောင်သော မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦး ခြေထောက် ၂ ဖက် ဆုံးရှုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ၇ ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၅ ဦးသေ ဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်သွား ကြောင်း CNO Upper Chindwin Region- UCR (ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ) က ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ တပ်ရင်း ၁ မှ ဗိုလ်လကျ်ာက ပြောသည်။ 

  • ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားကာ သုံးရက်အတွင်း နေအိမ် ၁၇၄လုံးနှင့် စပါးတိုက်အများအပြားကို မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှတက် ကြွလှုပ် ရှားသူများအဖွဲ့ ကသတင်းထုတ်ပြန်သည်။ 

  • မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာရှိ လျှပ်စစ်ဓာတ် အားခွဲရုံ EPC ရုံးအစောင့် ရဲဒုတပ်ကြပ် အောင်နွယ်စိုး ပစ်ခတ်ခံရပြီး သေဆုံး ကာ ၎င်းကိုဆောင်သော သေနတ်ကို ပစ်ခတ်သူများက ယူဆောင်သွားကြောင်း သိရှိရသည်။ 

  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့မှ မြင်းခြံမြို့သို့ လာသည့် စစ်သားနှင့် ရဲများ အင် အား ၁၆ ဦးခန့် လိုက်ပါသည့် ကားနှစ်စီးကို ဧပြီလ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ကန်ရွာနှင့် ကန်နှောင်းရွအာကြားတွင် မိုင်းဆွဲ တိုက်ခိုက်ရာ စစ် ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း People’s Defense Force Mandalay (MDY-PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ၁၀ ဘီးကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်ကို ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ည ပိုင်း ရှော့တိုက်ဒုံး ၇ လုံးဖြင့် တိုက်ခိုက်မှုကို မြို့ပြ တော်လှန်ရေးအဖွဲ့ ၃ ခုက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး များမကြာမီ ကျရောက်မည့် သင်္ကြန်ကာလ တပ် တွင်း သင်္ကြန်ပွဲများကို ပစ်ခတ်ရန် ၁၀၇ မမ ရှော့တိုက်ဒုံးများ အလုံ အလောက် ပြင်ဆင် ထားရှိပြီဖြစ်ကြောင်း မြို့ပြ အဖွဲ့ ၃ ဖွဲ့က ပြောသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ် ကော်မတီဝင်များမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုလ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ထိုင်းနိုင်ငံထဲသို့ ယခုရက်ပိုင်းအတွင်း သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ဦးရေမှာ ၈ ထောင်ကျော်လာ ပြီဖြစ်ကြောင်း သိရှိရသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၄ ဖောင်တော်ဦးရပ်ကွက်ရှိ ငြိမ်းဇာနည်တပ်စခန်းတွင် အထိုင်ချတပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို ပြောက်ကျားနည်းဖြင့် ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် စစ်ကောင်စီမှ သင်္ကြန်ပွဲတော် စည်ကားစေရန် ပုံစံမျိုးစုံဖြင့် ကြိုးပမ်းနေပြီး၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူစည်ကားစေရန်ပြုလုပ်နေသော သင်္ကြန်ပွဲတွင်မပါဝင်ကြဘဲ တော်လှန်သင်္ကြန်တွင်သာ ပူးပေါင်းပေးကြရန် မေတ္တာရပ်ခံသတိပေးထားကြသည်။ 

  • ဧရာဝတီတိုင်း၊ ဖျာပုံမြို့နေ ဒေသခံလူငယ်တစ်ဦးအား စစ်ကောင်စီတပ်နှင့်ရဲများမှ မတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်တိုက်ပွဲများတွင် စစ်တပ်လက် အောက်ခံ BGF ဗိုလ်မှူးကြီး စောချစ်သူ ၏ လက်ရုံး ၁၀၁၇ တပ်ရင်းမှူး ဗိုလ်မှူး ဒီးဒီ သေဆုံးသွားခဲ့ပြီး BGF တချို့ လက်နက်ချ အညံ့ခံကြောင်း ရှေ့တန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

  • ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တပ်များ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေချိန် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲသဖြင့် ပြည်သူများနေထိုင်သော တုံးကောက်ကျေးရွာ၊ စီသောင်ကျေးရွာမှ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ 

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိနေသော ကော့ကရိတ်-မြ၀တီ လမ်းမကြီးကို ဧပြီလ ၇ ရက်နေ့မှစတင်၍ ဧပြီလ ၂၁ ရက် နေ့အထိ ပိတ်ပင်ကြောင်း တပ်ရင်းမှူးများ၊ ဗျူဟာမှူးများနှင့် စစ်ကြောင်းမှူး ၁၀ ဦးတို့က တရားဝင် လက်မှတ်ရေးထိုး၍ အမိန့် တစ်ရပ် ထုတ်ပြန်သည်။ 

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသရှိ စစ်တပ်နှင့် BGF စခန်းကုန်း ၅ ခုကို ဗိုလ်အယ်ဆေးဝါးဦး ဆောင်သော Lion Battalion ဗျုဟာစစ်ကြောင်း နှင့် တော်လှန် ရေး မဟာမိတ်တပ်များက တိုက်ခိုက်သိမ်း ပိုက်ရာ စစ်တပ်နှင့် BGF တပ်ဘက်မှ ၈၅ ဦးသေဆုံးပြီး လက်နက် ၇၅ လက်ရရှိကြောင်း Lion Battalion ဗျုဟာစစ်ကြောင်းမှ သိရသည်။ 

စစ်ကောင်စီ 

  • တရားမဝင် ဓာတ်အားသုံးစွဲသူများအနေဖြင့် ငွေဒဏ်အပြင် ထောင်ဒဏ် ၅နှစ်မှ ၁၀နှစ်ထိ ချမှတ်ခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေး ထားသည်။ 

  • ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၇ ဘီလီယံ ကျော် ရရှိထားကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

  • မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းများ တည်ဆောက်မှုမြှင့်တင်ရေးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် စစ်ကောင်စီ စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး အောင်နိုင်ဦးတို့ ဧပြီလ ၆ ရက်က တွေ့ဆုံခဲ့သည်။ 

  • ကုလလူ့အခွင့်အရေးကောင်စီတွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဆွေးနွေးချက် များကို အကြမ်းဖက်စစ်ကောင်စီမှ အချုပ်အခြာအာဏာပိုင်နိုင်ငံအား ဝင်ရောက်စွက်ဖက်နေသည်ဟုဆိုကာ ပယ်ချကြောင်း ထုတ်ပြန်သည်။ 

  • ထိုင်းနိုင်ငံ အီလက်ထရောနစ် စက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ကျော်ကို လိုအပ်တာ ကူညီပေးနေကြောင်း ထိုင်းရှိ အလုပ်သမားသံအရာရှိရုံးက ပြောသည်။ 

ဧပြီ ၇ ရက် သုံးသပ်ချက် 

  • လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ချိုးဖောက်နေသည့် စစ်ကောင်စီသည် ကုလလူ့အခွင့်အရေး ကောင်စီညီလာတွင် မြန်မာနိုင်ငံအကြောင်းဆွေးနွေးချက်များကို မျက်နှာဗြောင်တိုက်ကာ ကန့်ကွက်နေ သည်ကို တွေ့ရသည်။ 

  • ကရင်ပြည်နယ်တွင် စစ်ကောင်စီနှင်၎င်းလက်အောက်ခံ BGF များ အသေများနေပြီး ကားဖြင့်တိုက်ယူရ လောက် သည်ထိ အလောင်းများပုံနေသည်ကိုတွေရသည်။ ယင်းအပြင်တိုက်ပွဲများကြောင့် ရွှေက္ကိုလ် ဒေသမှ ပြည်သူ ၆ထောင်ကျော်သည် ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly