စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ (၄၀) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

By မင်းထက် (မဇ္စျိမ)
03 April 2023
စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ (၄၀) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ယနေ့ ဧပြီလ ၃ ရက်နေ့ မွန်းလွဲပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ်ကောင်မတီဝင်အဖွဲ့ဝင်တစ်ဦးမှ “(စကစ)ကိုထောက်ခံသူ ပြည်သူ့ရန်သူ၊ ဘုံရန်သူကို ချေမှုန်းကြ” စာတန်းကိုင်ဆောင်ကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီ ဝင်တစ်ဦးကပြောသည်။

ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီးသပိတ်ကော်မတီ၏ (၄၀)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ဧရာဝတီတိုင်း

#ကြံခင်းမြို့နယ်

#စကြဝတေးမင်းကြီးသပိတ်ကော်မတီ

#စစ်အာဏာရှင်ဆန့်ကျင်ရေး

#ဆန္ဒထုတ်ဖော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly