ယင်းမာပင်ခရိုင်အတွင်းမှ တပ်ရင်းများအား နိုင်ငံရေးအသိ ဆွေးနွေးပို့ချ

By လွှမ်းမိုး(မဇ္ဈိမ)
02 April 2023
ယင်းမာပင်ခရိုင်အတွင်းမှ တပ်ရင်းများအား နိုင်ငံရေးအသိ ဆွေးနွေးပို့ချ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှတပ်ရင်းများအား အမျိုးသမီးမဟာမိတ်အင်အားစုနှင့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ပူးပေါင်း၍ မတ်လ ၃၀ ရက်နေ့က အခြေခံနိုင်ငံရေးနှင့်ဆိုင် သော အကြောင်းအရာများဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောမှုတွင် ခေါင်းဆောင်ပိုင်းဆိုင်ရာ အကြောင်းအရာများ၊ အခြေခံဖက်ဒရယ်လစ်ဇင်နှင့် COC နှစ်ရပ်အကြောင်းတို့ပါဝင်ကြောင်း သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် အခြေခံနိုင်ငံရေးအသိနှင့် စစ်ရေးအသိရှိကြရန် အထူးလိုအပ်သည်ဟု ထင်မြင်ယူဆသည့်အတွက် ယခု ကဲ့သို့ နိုင်ငံရေးနှင့် သက်ဆိုင်သောသင်တန်းများ၊ ဟောပြောပွဲများ ဆွေးနွေးပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေ သော ဒေသများကိုလည်း ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း အမျိုးသမီး မဟာမိတ်အင်အားစုမှ မအေးမြင့်အောင်အောင်က ဆိုသည်။

ဟောပြောပွဲသို့ ယင်းမာခရိုင်တပ်ရင်း(၉)ရင်းမှ တပ်ခွဲများ ၊ ပ.က.ဖ များနှင့် လူထုသပိတ် ဦးဆောင်သူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဟောပြောမှုကို မတ်လ ၂၆ ရက်နေ့ကလည်း မုံရွာခရိုင်တပ်ရင်းများထံသို့ သွားရောက်၍ ဟောပြောခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ယင်းမာပင်ခရိုင်

#အမျိုးသမီးမဟာမိတ်အင်အားစု

# မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly