ကနီမြို့အထွက် ကြို့ပင်သာဘုရားအနီး စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး 

By လွှမ်းမိုး မဇ္ဈိမ
01 April 2023
ကနီမြို့အထွက် ကြို့ပင်သာဘုရားအနီး စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး 

စစ်ကိုင်းတိုင်း ၊ ကနီမြို့ အထွက်  ကြို့ပင်သာ ဘုရားအနီးတွင်  ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၂၈ ရက် နေ့လယ် ၁၁ နာရီ အချိန်တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KLG PDF ထံမှ သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု KLG PDF တပ်ရင်းမှူး ကိုသူက ပြောသည်။ 

“ရန်သူဘက်က မကြာခဏ ကင်ပုန်းဝပ်နေတဲ့ နေရာကို ကြိုစောင့်ပြီး တိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီလောက် ရှိခဲ့တယ်ဗျ။ အတွင်းသတင်းပေးမှုအရ စစ်သားနှစ်ဦး သေဆုံးတယ် နှစ်ဦးဒဏ်ရာရထားကြောင်း သိရတယ်” ဟု ၎င်းကဆိုသည်။ 

အဆိုပါ တိုက်ခိုက်မှုကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG PDF) ၊ ယင်းမာပင်ခရိုင် အမှတ် (၂) တပ်ရင်း နှင့် DRPA တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ကနီမြို့နယ်တွင် အလယ်ကျွန်း(ပျူစောထီးဆိုသူအများစု နေသည့်ရွာ)ရွာမှ သက်ကြီးရွယ်အို နှင့် ကလေးများကို ကနီမြို့အတွင်းသို့ ရွှေ့ပြောင်းကာ ခံတပ်အခိုင်အမာ တည်ဆောက်နေကြောင်း ဒေသခံရဲဘော်များထံမှ သိရသည်။ 

စာတည်း။       ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly