Dragon Fly ပရောဂျက်မှ ရရှိသည့် ငွေ ကြေးများကို လေကြောင်းရန်ကာကွယ်ရေးနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးအတွက် အသုံးပြုနေသည်ဟု NUG ကာကွယ်ရေးထုတ်ပြန်

Dragon Fly ပရောဂျက်မှ ရရှိသည့် ငွေ ကြေးများကို လေကြောင်းရန်ကာကွယ်ရေးနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးအတွက် အသုံးပြုနေသည်ဟု NUG ကာကွယ်ရေးထုတ်ပြန်

Dragon Fly ပရောဂျက်မှ ရရှိသည့် ငွေ ကြေးများကို လေကြောင်းရန်ကာကွယ်ရေးနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးအတွက် အသုံးပြုနေသည်ဟု မတ် ၃၁ ရက်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

" နိုင်ငံတကာ Fundraiser မ်ားထံမွ တဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ ၂.၂ သန်း တိတိကို လက်ခံရရှိသုံးစွဲလျက်ရှိပါသည်။ ရရှိထားသော ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္႑အတွက် အမေရိကန်ဒေါ်လာ ၁.၄သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္႑အတွက် အမေရိကန်ဒေါ်လာ ရှစ်သိန်း လျာထား သုံးစွဲလျက်ရှိပါသည်" ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ရန်ပုံငွေ ရှာဖွေရေးစီမံချက်များမှ ရရှိလာသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ ကြောင်း၊ ရရှိခဲ့သော ရန်ပုံငွေများဖြင့် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအောင်မြင်မှုများကို လုံခြုံရေးအရ သင့်လျော်သည့် အချိန်များတွင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္႑ာငွေရှာဖွေရေး အစီအစဉ်များတွင် အတတ္ပညာ၊ အသိပညာ၊ ငွေကြေးအားဖြင့် ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တစ်ဦးချင်းစီတိုင်း၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဖြင့် အသိအမှတ်ပြု ကြောင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

Click to Donate၊ ပန္ဆယ္လို အစရှိသည့် နိုင်ငံတကာ Fundraiser များဖြင့် ပြုလုပ်ခဲ့သည့် Dragon Fly ပရောဂျက်မှာ နွေဦးတော်လှန်ရေးတွင် အကြီးမားဆုံး ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။

" ကျွန်မကတော့ ဘာမွ ပြောစရာ မရှိတော့ပါ။ Fundraiser တစ်ယောက်အနေနဲ့ Fundraiser တစ်ယောက်ရဲ့ တာဝန္ကို အပြီးအပြတ် ထမ်းဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ MOD အနေနဲ့ ထုတ်ပြန်ပြောဆိုခွင့်ထဲက မိုင်ကုန်ကို ပြည်သူကို တင်ပြထားခြင်း ဖြစ်တာကြောင့် အလေးအနက် ဖတ်ကြည့်ကြစေချင်သလို MOD ရဲ့ လေကြောင်းရန်ကာကွယ်ရေး၊ တိုက်ခိုက်ရေးနဲ့ ပတ်သက်ပြီး အခုထက်ပိုမိုထိရောက်မြင်သာလာဖို့ တောင်းဆိုပါတယ်။ ရန္သူရဲ့ သပ်လျှိုသွေးခွဲသတင်းညှစ်ထုတ်မှုတွေနောက်ကို ပြည်သူက လိုက်ပါခဲ့ရင် ကျွန်မတို့လည်း လိုက်ပါသွေးကွဲရုံပဲ ကျန်ပါတော့ တယ်။ အရေးကြီးချိန်မှာ ခေါင်းကြီးကြီးထားပြီး ချင့်ချိန်ဆုံးဖြတ် နိုင်ကြပါစေ" ဟု ရန်ပုံငွေကောက်ခံရာတွင်ပါဝင်သည့် ပန္ဆယ္လိုက သူမ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးအတွက် ပြုလုပ်ခဲ့ သည့် ယင်းပရောဂျက်မှာ သတ်မှတ်ရက်မတိုင်မီမှာပင် ပြည့်မီခဲ့ သည့် ပရောဂျက်တစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly