ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် မိုးဗြဲ PDF ရဲဘော်၏ စျာပန 

By ကိုဇာနည် (မဇ္ဈိမ)
31 March 2023
ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် မိုးဗြဲ PDF ရဲဘော်၏ စျာပန 

ပင်လောင်းမြို့နယ်ဖက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိပြီး မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရင်း မိုးဗြဲ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။ 

အဆိုပါ ကျဆုံးသွားသော မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ (၁၀၀၁)တပ်ရင်း၊ ကျွဲကျိုတပ်ခွဲမှ ရဲဘော် ကိုယ်ပိုင်အမှတ်- ၁၀၀၁၂၆၉ မောင်ဒေါမိနစ် ဖြစ်ပြီး သူ၏ စျာပနအခမ်းအနားကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင်  ကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်ဟု မိုးဗြဲ PDF ဗဟိုသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ 

တိုင်းပြည်အတွက် အသက်စတေးခဲ့သော အာဇာနည်ရဲဘော် မောင်ဒေါမိနစ်အား  မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ အလေးနီပြုကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပင်လောင်းမြို့နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်တပ်ဖက်မှ ထိခိုက်သေဆုံးမှုများပြားသဖြင့် တိုက်လေယာဥ်၊ လက်နက်ကြီးပစ်ကူတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်လျှက်ရှိပြီး ယခု မတ်လ နောက်ဆုံးပတ်အထိ တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly