မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ် 

မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ် 

မြန်မာနိုင်ငံက အထူးစီးပွားရေးဇုန် သုံးရပ်တွင် ရင်းနှီးမြှုပ်နှံရန် စစ်ကောင်စီက တရုတ်လုပ်ငန်းရှင်များကို တိုက်တွန်းလျက်ရှိသည်။ 

ကျောက်ဖြူ၊ သီလဝါနှင့် ထားဝယ် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြုပ်နှံရန်အတွ်က တရုတ်-မြန်မာ မိတ်ဖက်ပြုမှုအဖွဲ့အစည်း ဥက္ကဋ္ဌဖြစ်သူ ဦးစိန်ဝင်းအောင်က တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ 

အဆိုပါ အထူးစီးပွားရေးဇုန် သုံးရပ်စလုံးသည် ဆိပ်ကမ်းများပတ်လည်တွင် အခြေစိုက်ထားသည်။ 

သီလဝါအထူးစီးပွားရေးဇုန်သည် ရန်ကုန်တောင်ပိုင်းတွင် တည်ရှိပြီး ၂၀၁၅ စက်တင်ဘာအဆုံး၌ လုပ်ငန်းစတင် လည်ပတ်ကာ မြန်မာအစိုးရနှင့် ဂျပန်ကုမ္ပဏီများက ကနဦး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 

ရခိုင်ပြည်နယ်က ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၂၃ တွင် ပထမဆုံး ကြေညာပြီး ကနဦး၌ တရုတ်နှင့် မြန်မာအစိုးရတို့ကြား ဖက်စပ်လုပ်ကိုင်ခြင်း ဖြစ်သော်လည်း လက်ရှိတွင် ပုဂ္ဂလိကက လက်လွှဲယူထားသည်။ ကျောက်ဖြူမှ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများကို တရုတ်နိုင်ငံ ယူနန်သို့ တင်ပို့သည်။ 

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ တွင် ပထမဆုံး အကောင်အထည် ဖော်ခြင်းဖြစ်သော်လည်း ယင်းနောက်ပိုင်းတွင် တိုးတက်မှု အနည်းငယ်သာ ရှိပြီး တည်ထောင်နိုင်မှု သိပ်မရှိပေ။ အီတလီ-ထိုင်း ကုမ္ပဏီတစ်ရပ်က ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် မူလက စာချုပ်ရရှိခဲ့ခြင်း ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသူများကို မရှာတွေ့သည့်နောက် ၂၀၁၃ တွင် စာချုပ်ကို ပြင်ဆင်ခဲ့ကာ မြန်မာနှင့် ထိုင်းအစိုးရတို့က စီမံကိန်းကို ရယူပြီး လက်ရှိ၌ စီမံကိန်း ပြန်စရေး ဆန္ဒရှိမည့် ရင်းနှီးမြုပ်နှံသူများကို ရှာဖွေလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required