ကြံခင်းမြို့နယ်တွင် "ပေးဆပ်သူတွေရဲ့ သွေးခင်းလမ်းမှာ အဆုံးသတ်အထိ တိုက်ပွဲဝင်ကြ" စာတန်းကိုင်စွဲ ဆန္ဒပြ

By မင်းထက် (မဇ္စျိမ)
28 March 2023
ကြံခင်းမြို့နယ်တွင် "ပေးဆပ်သူတွေရဲ့ သွေးခင်းလမ်းမှာ အဆုံးသတ်အထိ တိုက်ပွဲဝင်ကြ" စာတန်းကိုင်စွဲ ဆန္ဒပြ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ် ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ပေါ်တစ်နေရာ၌ "ပေးဆပ်သူတွေရဲ့ သွေးခင်းလမ်းမှာ အဆုံးသတ်အထိ တိုက်ပွဲဝင်ကြ"စာသားပါ ဘန်နာအား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှကိုင်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်န ဝါရီလမှ စတင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါ သပိတ်အဖွဲ့၏ (၃၄) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly