နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၈ မတ် ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၈ မတ် ၂၀၂၃ ) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် တော်လှန်ရေး၏ အစိတ်အပိုင်းသာဖြစ်ပြီး စစ်အာဏာရှင်သာမက မည်သည့်အာဏာရှင်မျှ မပေါ်ပေါက်စေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မတ်လ၂၆ ရက်က ပြုလုပ်သည့် ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းများ၊ ထင်ပေါ် လှုပ်ရှားသူများ၏ မျက်နှာ  စုံညီ တွေ့ဆုံဆွေးနွေးပွဲတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့သည်။ 

  • ကြောက်စိတ်ကြောင့်တော်လှန်ရေးအင်အားစုများကို အမြစ်ဖြတ်မည်ဟု စစ်ကောင်စီခေါင်းဆောင်ပြောခြင်းဟု NUG ယာယီသမ္မတ ဒူဝါလရွီးလက အစိုးရအဖွဲ့အစည်းအ ဝေးတွင် ပြောသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ဒစ်ဂျစ်တယ် လုံခြုံရေးသင်တန်း (၂/၂၀၂၃) ကို မတ် ၂၆ ရက်မှာ ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ  

  • စစ်ကောင်စီ၏ မတ်လ ၂၇ ရက်နေ့ စစ်ရေးပြ အခမ်းအနားကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက မဇ္ဈိမကို အတည် ပြုသည်။ 

  • ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့်အတွက် ကျေးရွာ ၈ ရွာမှ ပြည်သူ များ တိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောကြားသည်။ 

  • တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့၊ မသေကျေးရွာအုပ်စု ဝါးကျွန်းကျေးရွာတွင် ပျူစောထီး အဖွဲ့အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မတ်လ ၂၇ ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် သွား ရောက် ပစ်ခတ်ရှင်းလင်းရာ ခေါင်းဆောင်အပါဝင် နှစ်ဦး သေဆုံးပြီး သေနတ် ငါးလက် အပါဝင် လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က မတ်လ ၂၇ ရက် နေ့ နံနက်ပိုင်းက ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း အဖွဲ့ခေါင်းဆောင်က မဇ္ဈိမသို့ ပြောသည်။ 

  • ကောလင်းမြို့နယ်တွင် ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင် ဆန််ကျင်ရေး ဆိုင်ကယ်စီးသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့နှင့် အုန်းတောရွာကြား စစ်ကိုင်း-ရွှေဘိုကားလမ်းမပေါ် တွင် အကြမ်းဖက်စစ်ကား ၂ စီးနှင့် မာလဲတောပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒေသပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၂၈ ရက်နေ့၌ မသဉ္ဇာဟိန်း ကျဆုံးခြင်း ၂ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ဝက်လက်မြို့နယ်တွင် သပိတ် ကော်မတီများနှင့် ဒေသပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မြောင်မြို့နယ်တွင် YFC မြောင်လူငယ်ကွန်ရက်မှ ဦးဆောင်ကာ ဒေသပြည်သူများနှင့် ပူးပေါင်းပြီး စစ် အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်ပြီး စစ်သားအလောင်း တစ်လောင်းနှင့် လက်နက် ၁ လက် သိမ်းဆည်းရမိကြောင်း ကလေး၀မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မတ် ၂၈ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအုပ်စု၊ ကျောက်အိုး ကျေး ရွာနေ PDF ထောက်ပို့ မိသားစု အား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်သူ ပျူစော ထီး ၂ ဦးကို ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွား ပြီဖြစ်ကြောင်းသိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • KNU တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်ရှိ မယ်ခါးထာ့ စစ်ကောင်စီတပ်စခန်းအား ယနေ့ မတ်လ ၂၈ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU သတင်းရင်းမြစ် များထံမှ သိရသည်။ 

  • ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာနှင့် စစ်အင်အား ဖြည့်ဆည်းရန် ထွက်ခွာလာနေသည့် စစ်ကြောင်း ကို ဖလမ်းမြို့နယ်အတွင်း ပဒေသာမိုင်းဆွဲ၍ ရှေ့နောက်ညှပ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၂၂ဦးသေဆုံးသွားကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမကိုပြောသည်။ 

  • ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း သော ရုပ်သံဖိုင််ကို Cobra Column တပ်ခွဲ (၅) တပ်တာဝန်ရှိသူ Cobra Ko Shine က မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

  • စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အပြတ်ချေမှုန်းမည်ဟု ပြောခြင်းမှာ အာဏာစသိမ်းကတည်းကဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားလိုက်သည်။ 

  • ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)ဒရုန်းတပ်ဖွဲ့ က ပြင်းအား ပေ၅၀ပတ်လည် အတွင်းပေါက်ကွဲနိုင်သည့် 40 MM အသီး စမ်းသပ်ထုတ်လုပ်မှုအောင်မြင်ကြောင်း မတ် ၂၇ရက်က ထုတ်ပြန်သည်။ 

  • ပဲခူးတိုင်း၊ တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ကရင်ပြည်နယ်၊ သံ တောင် ကြီး မြို့နယ် အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ကျောက်လုံးကြီးစခန်း ထုံးဘိုကြီးစခန်း၊ သံမိုးတောင်စခန်း နှင့် ဗဟုန်းစခန်းစသည့် စခန်း ၄ ခုတို့ကို KNU/KNLA တပ်မဟာ၂ တပ်ရင်း ၅ ၊ ALPHA ONE Drone အဖွဲ့နှင့် ပူးပေါင်း တပ်များက မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီတွင် တစ်ပြိုင်နက် တိုက်ခိုက် ခဲ့ကြောင်း ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီ 

  • ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်က မြဝတီမြို့တောင်ဘက်ခြမ်းရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ရွေးကောက်ပွဲကျင်းပမယ့် အချိန်အတိအကျကို ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ စစ်ဆေးရေးဂိတ်အား တော်လှန်ရေး အင်အားစုများမှ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း တပ်မဟာ(၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းကပြောသည်။ 

  • ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစု၌ စစ်ကောင်စီက ဧည့်စာရင်းတိုင်ကြားရန် ဖိအားပေးနေပြီး၊ ဧည့် စာရင်းတိုင်ကြားရာတွင် မိသားစုဓာတ်ပုံများကိုပါ ပူးတွဲတောင်းယူရန် ညွှန်ကြားမှုများရှိ‌နေသည်ဟု ဒဂုံမြို့ သစ်မြောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

  • လာမယ့် ၂၀၂၃-၂၀၂၄ခုနှစ်ပညာသင်နှစ် မှာ စနစ်သစ်ပညာရေးအတွက် အခြေခံပညာအတန်းများကနေ အထက်တန်းပညာရေးအထိ ကျောင်းသားကျောင်းသူများဟာ စုစုပေါင်း စာသင်နှစ် ၁၃နှစ်အထိ တက်ရောက်ရတော့မှာဖြစ်ကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနကနေ သိရသည်။ 

  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း နွေရာသီအားလပ်ရက်များ နဲ့ ရုံးဆက်တိုက်ပိတ်ရက်များ ရှိချိန်အတွင်း ခရီးသွားဘုရားဖူးပြည်သူတစ်ရက်ကို လူဦးရေ ရှစ်သောင်းကျော်ခန့် လာရောက်ဖူးမြော် လျက်ရှိကြောင်း စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှုဦးစီးဌာန ကသိရသည်။ 

မတ် ၂၈ ရက် သုံးသပ်ချက် 

  • စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ NUG ကိုကူညီနေသည့် EAO များကိုချေမုန်းမည်ဟု ပြောဆိုပြီး နောက်နေ့တွင် စစ်ကောင်စီစခန်းများ အသိမ်းခံရပြီး စစ်သားများ အသေများနေသည်။ 

  • စစ်ကိုင်း မကွေးဘက်တွင် စစ်ကောင်စီ အင်အားသုံးဖိနှိပ်နေသော်လည်း နေ့စဉ် စစ်ကြောင်းများမိုင်းဆွဲ တိုက်ခိုက်ခံနေရသည်ကို ကြည့်ခြင်းဖြင့် စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်ရန် စိတ်ပိုင်းဖြတ်ထား သည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly