ကနီမြို့နယ်ကျောင်းသားများသမဂ္ဂမှဦးဆောင်၍ သမဂ္ဂစာကြည့်တိုက် ဖွင့်လှစ်

By ဂန္ဒမာ (မဇ္ဈိမ)
28 March 2023
ကနီမြို့နယ်ကျောင်းသားများသမဂ္ဂမှဦးဆောင်၍ သမဂ္ဂစာကြည့်တိုက် ဖွင့်လှစ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှဦးဆောင်၍ ကနီနယ်အတွင်းရှိ ကျေးရွာစာသင်ကျောင်းတစ်ခုတွင် သမဂ္ဂစာကြည့်တိုက်အား ယနေ့ မတ်လ ၂၈ ရက် နေ့တွင် ဖွင့်ပွဲအခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသမဂ္ဂစာကြည့်တိုက်ဖွင့်လှစ်ရခြင်းမှာ ကျောင်းသားကျောင်းသူများ၊ ရပ်ရွာနေပြည်သူများ၊ ကာ ကွယ်ရေးရဲဘော်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ဖြစ်ကြောင်း ဆိုသည်။

“နယ်မြေခံ ပကဖ၊ ပအဖတွေကလည်း ကျနော်တို့ကျောင်းသားတွေဦးဆောင်ပြီး သမဂ္ဂစာကြည့် တိုက် လေးဖွင့်ပေးတော့ ဝမ်းသာကြတယ်။ နယ်မြေခံပြည်သူတွေကလည်း နိုင်ရာလုပ်အားနဲ့ စင်ထိုး ချက်ပြုတ် စရာနေရာတွေ ဝိုင်းဝန်းကူညီပေးခဲ့ပါတယ်”ဟု ကနီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ရဲဘော်တစ်ဦးက မဇ္ဈိမကို ဖြေကြားသည်။

အဆိုပါ သမဂ္ဂစာကြည့်တိုက်တွင် နိုင်ငံရေးဆိုင်ရာစာအုပ်များအပါအဝင် ရသပေါင်းစုံရရှိစေနိုင်မည့် စာအုပ်များထားရှိကြောင်း သိရသည်။ နံနက်ခင်းတွင် သမဂ္ဂစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားစတင်ခဲ့ပြီး အစီအစဉ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကာ ကနီနယ်အတွက် ပထမဦးဆုံး သမဂ္ဂစာကြည့်တိုက်ကို ဖွင့် လှစ်နိုင်ခဲ့သည့်အတွက် သမဂ္ဂကျောင်းသားများမှလည်း ပီတိဖြစ်ကြောင်း ပြောသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ကနီမြို့နယ်

#ကျောင်းသားများသမဂ္ဂ

#သမဂ္ဂစာကြည့်တိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly