ဒီးမော့ဆိုမြို့ရှိ စစ်ဘေးရှောင်များအား ကျေးလက်မြေအဖွဲ့မှ သောက်သုံးရေနှင့် ခရမ်းချဉ်သီးလှူဒါန်း 

By ဂျူချန်း မဇ္ဈိမ
22 March 2023
ဒီးမော့ဆိုမြို့ရှိ စစ်ဘေးရှောင်များအား ကျေးလက်မြေအဖွဲ့မှ သောက်သုံးရေနှင့် ခရမ်းချဉ်သီးလှူဒါန်း 

ကရင်နီပြည်နယ်၊ ဒီးမော့မြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် လိုအပ်နေသည့် သောက်သုံးရေများနှင့် ခရမ်းချဉ်သီးများအား ကျေးလက်မြေအဖွဲ့မှ ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။ 

မတ်လ ၁၉ ရက်နေ့တွင် ဒီးမော့ဆိုမြို့ရှိ စစ်ရှောင်စခန်းများတွင် လိုအပ်လျက်ရှိသည့် သောက်သုံးရေများ လှူဒါန်းခဲ့ကာ ယနေ့ မတ်လ ၂၂ရက်နေ့တွင် စစ်ဘေးရှောင်တစ်ဦးထံမှ ခရမ်းချဉ်သီး ၁၅၀ ပိဿာ ဝယ်ယူကာ အခြားစစ်ဘေးရှောင် မိသားစု ၇၉ စု အား လှူဒါန်းခဲ့သည်ဟု ဆိုသည်။ 

"လှူဒါန်းပေးရတဲ့ရည်ရွယ်ချက်ကတော့ စိုက်ပျိုးရောင်းတဲ့သူကလည်း စစ်ရှောင်မိသားစုဖြစ်နေတာကြောင့် သူ့မိသားစုဝင်ငွေရဖို့ရယ် အခြားစစ်ရှောင်မိသားစုဝင်လေးတွေကိုလည်း တတ်နိုင်တာလေးအကူအညီပေးတဲ့သဘောဖြစ်ပါတယ်" ဟု ကျေးလက်မြေအဖွဲ့နာယက ဦးဇော်မင်းထိုက်ကပြောသည်။ 

ကရင်နီပြည်နယ်၌ ပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေရသူ နှစ်သိန်းနီးပါးရှိ၍ ဒီးမော့ဆိုတစ်မြို့နယ်တည်းတွင် စစ်ဘေးရှောင် နှစ်သောင်းနီးပါးရှိနေပြီဖြစ်ပြီး အဘက်ဘက်မှ အကူအညီလိုအပ်နေကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly