တရုတ်၏ အာကာသအောင်မြင်မှုက ကြီးမားသော နိုင်ငံရေး၊ သံတမန်ရေး ရည်မှန်းချက်များနှင့် ဆက်စပ်နေ

By ANI 
20 March 2023
တရုတ်၏ အာကာသအောင်မြင်မှုက ကြီးမားသော နိုင်ငံရေး၊ သံတမန်ရေး ရည်မှန်းချက်များနှင့် ဆက်စပ်နေ

တရုတ်သည် အာကာသပူးပေါင်းဆောင်ရွက်မှု၏ အကျိုးကျေးဇူးများကို နားလည်သဘောပေါက်သော်လည်း ၎င်းကို ပိုမိုလေးစားပြီး သြဇာညောင်းစေမည့် နိုင်ငံရေးနှင့် သံတမန်ရေးဆိုင်ရာ ရည်မှန်းချက်များကို အထောက်အကူပြုသည့် နည်းလမ်းတစ်ရပ်ဖြစ် အသုံးပြုရန် ကြိုးပမ်းနေကြောင်း Channel News Asia (CNA) သတင်းတွင် ဖော်ပြထားသည်။

တရုတ် အာကာသအေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ်က "မိမိတို့အနေဖြင့် တရုတ်အာကာသစခန်းအား လူသားများအတွက် အနာဂတ်တူညီသော အသိုက်အဝန်းတစ်ခု တည်ဆောက်ခြင်းကို အားပေးသည့် နေရာတစ်ခုဖြစ်လာစေရန် မျှော်မှန်းထားသည်” ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာအာကာသစခန်း (ISS) တွင် ပါဝင်ခြင်းမပြုရန် တားမြစ်ခံထားရစဉ်မှာ တရုတ်က ၎င်း၏ အာကာသစခန်းကို ကုလသမဂ္ဂအဖွဲ့ဝင်အားလုံးက အသုံးပြုနိုင်ကြောင်း ပြောဆိုခြင်းသည် အမေရိကန်ထက် ၎င်းက ပိုမိုပါဝင်ခွင့်ရှိသူဖြစ်ကြောင်း ပုံဖော်ရန် မျှော်လင့်ထားသည်ဟု CNA သတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်က Tiangong အာကာသစခန်းကို ကိုယ့်အားကိုယ်ကိုးမှု၏ ရလဒ်အဖြစ် ဂုဏ်ပြုဝံ့ကြွားလေ့ရှိသောကြောင့် နိုင်ငံတကာ မိတ်ဖက်များ၏ ပါဝင်လာနိုင်မှုအလားအလာကို ထိခိုက်စေသည်။
ဥရောပအာကာသအေဂျင်စီ (ESA) သည် တရုတ်က အသစ်ဆောက်လုပ်ထားသော Tiangong အာကာသစခန်းသို့ ဥရောပအာကာသယာဉ်မှူးများကို စေလွှတ်ရန် စိတ်မကူးတော့ကြောင်း Space News သတင်းတွင် ဖော်ပြခဲ့သည်။

ဥရောပနိုင်ငံများသည် လူ့အခွင့်အရေး၊ နည်းပညာလုံခြုံရေးနှင့် တရုတ်နှင့်အမေရိကန်တို့ကြား မဟာဗျူဟာပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းတို့ကြောင့် စိုးရိမ်မှုများ တိုးလာသည့်အတွက် တရုတ်နိုင်ငံနှင့် ၎င်းတို့၏ ဆက်ဆံရေးပုံစံကို ပြန်လည်သုံးသပ်နေကြကြောင်း CNA က ဖော်ပြခဲ့သည်။
ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ် စတင်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ယင်းကဲ့သို့ သဘောထားပြောင်းလဲမှုများ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာခဲ့သည်။ 

တရုတ်နိုင်ငံသည် ပဋိပက္ခတွင် ကြားနေမည်ဟု ဆိုသော်လည်း ရုရှားကို ထောက်ခံသော တရားဝင်ထုတ်ပြန်ချက်များနှင့် မီဒီယာသတင်းများကို တစိုက်မတ်မတ်ထုတ်ပြန်ခဲ့ပြီး ရုရှားအပေါ် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားစဉ် ရုရှားနှင့် စီးပွားရေးဆက်ဆံမှုကို တိုးမြှင့်ခဲ့သည်။

ဥရောပနှင့် တရုတ်တို့သည် မဟာအင်အားကြီးတစ်ဆင့်ခံစစ်ပွဲတွင် ဆန့်ကျင်ဘက်တွင် ရပ်တည်နေကြချိန် ဥရောပ အာကာသယာဉ်မှူးများကို Tiangong အာကာသစခန်းသို့ စေလွှတ်ခြင်းသည် အဆင်ပြေမည်မဟုတ်ကြောင်း CNA တွင် ဖော်ပြထားသည်။

တရုတ်အတွက် မလိုလားအပ်သော အခြေအနေတစ်ရပ် ဖြစ်နိုင်သော်လည်း Tiangong တွင် ဥရောပအာကာသယာဉ်မှူးများ မရှိခြင်းသည် အာကာသစခန်း၏ လည်ပတ်မှုကိုဖြစ်စေ၊ တရုတ်၏ အာကာသသို့ ပိုမိုကျယ်ပြန့်စွာ ချဲ့ထွင်မှုကိုဖြစ်စေ ကြီးကြီးမားမား သက်ရောက်မှုရှိလာမည် မဟုတ်ပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly