ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်အရာရှိအပါအဝင် ၁၉ ဦး သေဆုံးပြီး  ၆ ဦး အရှင်ဖမ်းမိ

By ဇာနည် (မဇ္ဈိမ)
14 March 2023
ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီတပ်အရာရှိအပါအဝင် ၁၉ ဦး သေဆုံးပြီး  ၆ ဦး အရှင်ဖမ်းမိ

 ရှမ်း - ကယားနယ်စပ်ရှိ ကုရင်ကျေးရွာအနီးတွင် မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်မှ ခိုးဝင်ရောက်ရှိနေ၍ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ တောနင်းရှာဖွေရာ နေ့လယ် ၁၀ နာရီခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ေကြာင်း သိရသည်။ 

ထိုထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် အရာရှိအပါအဝင် ၁၉ ဦးသေဆုံးပြီး ခြောက်ဦး အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဖက်မှ မစိုးရိမ်ရဒဏ်ရာရ နှစ်ဦး ရရှိကြောင်း ဖယ်ခုံ PDF တပ်ရင်း -(၂ )မှ ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ကုရင်ကျေးရွာတောင်ကြား ထိတွေ့တိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်နှင့် မတ်လ ၁၂ ရက်နေ့ နံနက် ၁ နာရီအချိန်၌ ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့သည်။ ထိုထိတွေ့မှုတွင်  PKPDF2 ရဲဘော်တစ်ဦး အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အသက်ပေးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။ 

ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲတွင် ပြည်သူ့အားနှင့် စကစတပ်ကို တိုက်ထုတ်နိုင်ခဲ့ပြီး ပြည်သူများအား မိမိတို့ အမြဲတစေလိုအပ်လျက်ရှိသော လက်နက်ခဲယမ်းအတွက် ဆက်လက်ပံ့ပိုးပေးကြပါရန် ဖယ်ခုံ PDF တပ်ရင်း (၂ )က ထုတ်ပြန်တောင်းဆိုထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required