ပျူစောထီးဆိုတာ ဘယ်လိုလူတွေလဲ (ဆောင်းပါး)

ပျူစောထီးဆိုတာ ဘယ်လိုလူတွေလဲ (ဆောင်းပါး)

စစ်ကောင်စီက အာဏာသိမ်းပြီး နှစ်နှစ်ကျော် ကာလအတွင်းမှာ ပြည်သူလူထုအကြား အမြင်အမျိုးမျိုး ကွဲပြားလာသလို၊ လူတန်းစား အမျိုးမျိုးလည်း ပေါ်ထွက်လာတာ တွေ့ရပါတယ်။

CDM လုပ်သူတွေ၊ CDM မလုပ်တဲ့ Nom- CDM တွေ၊ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ PDF တွေ၊ ထောက်ပို့တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်နိုင်ပေမယ့် စစ်ကောင်စီကိုလည်း မကြိုက်တဲ့ ဖရဲသီးဆိုတဲ့ လူတန်းစားတွေ အပြင် အခု ပျူစောထီးဆိုတာပါ နာမည်ကြီးနေတာ ဖြစ်ပါတယ်။

ပျူစောထီးဆိုတာဟာ စစ်ကောင်စီက ပြည်သူ့စစ်ဆိုပြီး ဖွဲ့ပေးထားတဲ့အဖွဲ့ဖြစ်ပြီး ဝါဒမှိုင်း တိုက်ခံထားရသူတွေ ပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီကနေပြီး အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ ဝါဒမှိုင်း တိုက်ခံထားရတဲ့ ဒီအဖွဲ့တွေဟာ အများသောအားဖြင့် ကိုယ့် ဦးနှောက်နဲ့ကိုယ် စဉ်းစားတွေးခေါ်တတ်မှု မရှိတဲ့သူတွေ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရသာ အနိုင်ရသွားရင် အမျိုးဘာသာ သာသနာ ကွယ်ပျောက်သွားမယ်ဆိုပြီး စစ်ကောင်စီက ဝါဒမှိုင်း တိုက်ခံထားရသူတွေဟာ သူတို့ ဦးနှောက်နဲ့သူတို့ စဉ်းစားတွေးခေါ်ဖို့ မသိဘူး ဖြစ်နေတာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required