မြန်မာနည်းပညာကုမ္ပဏီ သုံးခုကို အမေရိကန် နာမည်ပျက်စာရင်းသွင်း

06 March 2023
မြန်မာနည်းပညာကုမ္ပဏီ သုံးခုကို အမေရိကန် နာမည်ပျက်စာရင်းသွင်း

အာဏာသိမ်းစစ်ကောင်စီကို နည်းပညာပိုင်း အဓိက ကူညီပံ့ပိုးနေတဲ့ နောင်ရိုးကုမ္ပဏီ၊ FISCA ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနတို့ကို အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ ပါကစ္စတန်၊ ထိုင်ဝမ်နဲ့ မြန်မာအပါအဝင် ပြည်ပကုမ္ပဏီ ၃၇ ခုကို စစ်လက်နက်နဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေ တင်ပို့ရောင်းချမှုတွေကန့်သတ်ဖို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း နာမည်ပျက်စာရင်းဝင် တရုတ်ကုမ္ပဏီတွေကို ဒေါ်လာ ၂၃ ဘီလျံကျော် တန်ဖိုးရှိတဲ့ နည်းပညာပစ္စည်းကိရိယာတွေ အမေရိကန်ကနေ တင်ပို့ခွင့်ပြုခဲ့တဲ့အပေါ် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ဆွေးနွေးကြားနာပြီးနောက် ဒီစာရင်းကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required